၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ၏ ရုရှားနိုင်ငံသို့
ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ၄ ရက်တာ ခရီးစဉ်အတွင်း ရုရှား-ဘင်္ဂလားဒေ့ရှ်
နှစ်နိုင်ငံကြား အမေရိကန်ဒေါ်လာ (၁) ဘီလီယံ တန်ဖိုးရှိသော စစ်ဘက်ဆိုင်ရာ
အရောင်းအဝယ်နှင့် ပတ်သက်၍ အပြီးသတ် ညှိနိုင်းမှုများ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဓိက လိပ်ခဲတည်းလည်း ဖြစ်နေပြီး
နိုင်ငံခေါင်းဆောင်နှစ်ဦးအကြား အပြီးသတ် ညှိနိုင်းရမည့် အချက်များသည်
Supplier Credit (1 Billion) ၏ အတိုးနူန်းနှင့်
ပြန်လည်ပေးဆပ်ရမည့် အချိန်ကာလဖြစ်သည်။ရုရှားဘက်မှ အတိုးနူန်း ၄% နှင့်အထက်
နှင့် ပြန်လည်ပေးဆပ်ရမည့် ကာလအား ၁၀ နှစ် သတ်မှတ်ထားပြီး
ဘင်္ဂလားဒေ့ရှ်ဘက်မှ ၃%အောက်နှင့် ၁၈ နှစ် တောင်းဆိုထားကာ ညှိနိုင်းမှုများ
ဆက်လက်လုပ်ဆောင်ရမည် ဖြစ်သည်။
အဆိုပါ စစ်ဘက်ဆိုင်ရာ
ရောင်းဝယ်မှုတွင် လိုအပ်ပါက တိုက်လေယာဉ်အဖြစ် ပြောင်းလဲနိုင်မည့်
လေ့ကျင့်ရေး လေယာဉ်များ၊တင့်ဖျက် Missile များနှင့်
အခြားစစ်လက်နက်ပစ္စည်းများ ပါဝင်မည်ဖြစ်သည်။
ထို့ပြင်
အခြားညှိနိုင်း ဆွေးနွေးမည့် အစီအစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ်၏ ပထမဦးဆုံး Nuclear
Power Plant တည်ဆောက်ရေးဖြစ်ပြီး ရုရှားဘက်မှ 2000 MW Plant အတွက်
Technical Studies များအပါအဝင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ Credit ပေးမည်ဟု
အဆိုပြုထားသည်။ဖော်ပြပါခရီးစဉ်အတွင်းတွင် ဂျုံ ကုန်သွယ်ရေး၊ကျန်းမာရေးကဏ္ဍ၊
စွမ်းအင်နှင့် သတ္တုကဏ္ဍ ပူပေါင်းဆောင်ရွက်ရေး၊ ယဉ်ကျေးမှု ဖလှယ်ရေး
စသည်တို့နှင့် ပတ်သက်၍လည်း MOU များ လက်မှတ်ရေးထိုးဖွယ် ရှိသည်ဟု သိရပါသည်။
မိုးစက်
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရုရှားနိုင်ငံသို့  ၄ရက်တာခရီးတွင် ကန်ဒေါ်လာ ၁ဘီလီယံတန် စစ်ဘက်ဆိုင်ရာ အရောင်းအ၀ယ်အတွက် အပြီးသတ် ညှိနှိုင်းမည်
Subscribe to:
Post Comments (Atom)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်