၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၁၆ရက်နေ့ က နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သော အမိန့် ကြော်ငြာစာအမှတ်၊ ၂/၂၀၁၃အရ ပြည်ထောင်စုဝန်ကြီးနှစ်ဦး မိမိဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်သွားကြောင်း သိရသည်။
အဆိုပါ အမိန့် ကြောငြာစာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့  ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ (က)တို့ ပါ ပြဌာန်းချက်များအရ အောက်ဖော်ပြပါ ပြည်ထောင်စုဝန်ကြီးများအား ၄င်းတို့ ၏ သဘောဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်သည်ဟု ဖော်ပြပါရှိသည်။
ဆက်လက်၍ အဆိုပါ ၀န်ကြီးနှစ်ဦးမှာ (၁) ဦးသိန်းထွန်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီးဌာနနှင့် (၂) သူရဦးမြင့်မောင်၊ သာသနာရေးဝန်ကြီးဌာနတို့ ဖြစ်ကြောင်း အမိန့် ကြော်ငြာစာပါ ကြေညာချက်အရသိရသည်။
သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးလက်ထက်ကတည်းက သာသနာရေးဝန်ကြီးအဖြစ် ယနေ့  သမ္မတဦးသိန်းစိန် လက်ထက်တိုင် ၀န်ကြီးဌာန မပြောင်းရွှေ့ ဘဲ တာဝန်ထမ်းဆောင်ခဲ့ရသူဖြစ်ပြီး ၄င်း၏ သဘောဆန္ဒအလျောက် မနှုတ်ထွက်ခင်က လက်ပံတောင်းတောင် ကိစ္စနှင့်ပတ်သတ်၍ သံဃာများ၏ ဆန္ဒပြတောင်းဆိုမှုများ ဖိအားပေးခံခဲ့ရသည်။
ကေ

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်