နယူးယောက်မှ သေနတ်ဥပေဒေ တင်းကျပ်

အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်တွင် သေနတ်ပိုင်ဆိုင်ခွင့်အတွက် တင်းကျပ်တဲ့ ဥပဒေကို ပြဌာန်းလိုက်ပြီဖြစ်ကြောင်း အင်တာနက်သတင်းများအရသိရသည်။

နယူးယောက်ပြည်နယ် လွှတ်တော်၂ရပ်လုံးက အမြန်ဆုံး အတည်ပြုပြဌာန်းလိုက်ခြင်းဖြစ်ပြီး ယင်းဥပဒေသစ်ထဲတွင် ချေမှုန်းရေး ရိုင်ဖယ်သေနတ် ၀ယ်ယူမှုများအား ကန့် သတ်ခြင်း၊ ကျည်ဆံနှင့် ခဲယမ်းများ၏ အရွယ်အစားနဲ့  ပတ်သတ်၍ ကန့် သတ်ခြင်းနှင့် စိတ်ရောဂါအခံရှိသူများ သေနတ်ဝယ်ယူ ကိုင်ဆောင်ခွင့်များနှင့် ပတ်သတ်၍ ပိုမို တင်းကြပ်ခြင်းမျိုး ပါဝင်လာသည်။

ယင်းဥပဒေမှာ ပြီးခဲ့သည့်နှစ်အတွင်းက ကွန်နက်တီကတ်ပြည်နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု နောက်ပိုင်းတွင် ပထမဆုံးအကြိမ် သေနတ်ပိုင်ဆိုင်မှုနှင့်ပတ်သတ်၍ ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

သို့ သော် အမေရိကန်ပြည်ထောင်စုရှိ Democraticပါတီနှင့် Republican ပါတီကြီး ၂ခုလုံးကပါ လက်နက်ပိုင်ဆိုင်မှုနှင့် ပတ်သတ်၍ ထိန်းချုပ် တားမြစ်ရန်နှင့် ပတ်သတ်၍ ယနေ့ ထိ ပြောဆိုင်း မရှိသေးပါ။

ကျော်ဝင်းသူ

0 မှတ်ချက်များ: