အစိုးရတပ်မတော်နှင့် ကေအိုင်အေကြား
တိုက်ပွဲများနှင့်ပတ်သက်၍ ကေအိုင်အို၊ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ
ဦးလနန်နှင့် ဇန်န၀ါရီ ၁၄ ရက်တွင် ဖုန်းမှတစ်ဆင့်
ဆက်သွယ်မေးမြန်းထားသည်များကို စာဖတ်ပရိသတ်များအတွက်
ကောက်နုတ်ဖော်ပြလိုက်ပါသည်။
မေး- ဒီနေ့မနက် ဇန်န၀ါရီ ၁၄ ရက်မှာ
တပ်မတော်က ပစ်လိုက်တဲ့ အမြောက်ဆန်ထိမှန်ပြီး အရပ်သားတွေ သေဆုံး၊
ဒဏ်ရာရခဲ့တာတွေ ရှိတယ်လို့သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာများ
မှတ်ချက်ပေးလိုပါသလဲ။
ဖြေ- အစိုးရကတော့ ကေအိုင်အေက လူထုကို
အမြဲတမ်း ထိခိုက်အောင်လုပ်တယ်။ အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်တယ်လို့
ပြောနေကြပါ။ အမှန်တကယ်တော့ ဒီအဖွဲ့အစည်းဟာ လူထုကနေ ပေါက်ဖွားလာတဲ့
တော်လှန်ရေး
အဖွဲ့အစည်းပါ။ လူထုအရပ်သားတွေကို ဘယ်တော့မှ
ရည်ရွယ်ချက်ရှိရှိနဲ့ ထိခိုက်စေတာမျိုး ဘယ်တော့မှ မလုပ်ဘူး။ စစ်တပ်အနေနဲ့
တိုက်ပွဲ စဖြစ်လာကတည်းက အရပ်သားတွေ နှိပ်စက်တာမျိုး၊ ရွာတွေမီးရှို့တာမျိုး၊
ဖမ်းဆီးသတ်ဖြတ်တာမျိုးတွေ အများကြီးရှိပါတယ်။ အထောက်အထားတွေလည်း
အများကြီးရှိတယ်။ သိရက်သားနဲ့ လိုင်ဇာမှာ အရပ်သားတွေ လူနေစိပ်တဲ့နေရာကို
တမင်ရည်ရွယ်ပြီး ပစ်ခတ်တာပါ။ ဒါကြောင့် လက်နက်ကြီးနှစ်လုံးက
ရှေ့ဆင့်နောက်ဆင့်ကျရောက်ပြီး ပေါက်ကွဲတယ်။
မေး- ဒီဇင်ဘာလကုန်နဲ့
ဒီလဆန်းပိုင်းမှာ အခြေအနေက အတော့်ကို တင်းမာလာတော့
ဖြေရှင်းလို့ရမယ့်နည်းရော ရှိပါသေးလား။ ဘယ်လိုဖြေရှင်းလို့ ရနိုင်မလဲ။
ဖြေ- ဒီကိစ္စပြောမယ်ဆိုတော့ ခက်မယ်ထင်တယ်ခင်ဗျ။ ထိခိုက်နစ်နာတာတွေ များလာလေ
ရှုပ်ထွေးမှုတွေ များလာမယ်။ ဒီရှုပ်ထွေးမှုကို ဖြေရှင်းဖို့တော့ အချိန်ကြာကြာ
ယူရလိမ့်မယ်လို့ ထင်တယ်။ ဒီလိုမျိုးလုပ်ခြင်းအားဖြင့်
ပြည်နယ်သူပြည်နယ်သားတွေနဲ့ အစိုးရကြားမှာလည်း ဖြေရှင်းရခက်တဲ့ ပြဿနာတွေ
အများကြီးပေါ်လာနိုင်တယ်။
မေး- အစိုးရဘက်က ရဟတ်ယာဉ်တစ်စီး ဇန်န၀ါရီ
၁၁ ရက်က ပျက်ကျသွားပါတယ်။ စက်ချွတ်ယွင်းခဲ့လို့ အရေးပေါ်ဆင်းသက်ရတယ်လို့
သတင်းထုတ်ပြန်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒီဘက်က ဘာများပြောလိုပါသလဲ။
ဖြေ- အစိုးရထုတ်ပြန်ချက်က အမြဲတမ်းအဲဒီလိုပါပဲ။ ကေအိုင်အို ဌာနချုပ်၊
လဂျားယန်ဘက်ကို လေယာဉ်နဲ့ လာပစ်တုန်းကလည်း မပစ်ပါဘူးလို့ ငြင်းချက်ထုတ်တယ်။
နောက်ပြောတာများလာတဲ့အခါ လေ့ကျင့်ရေးလေယာဉ်တွေ လာတာပါလို့ ပြောတယ်။
အဲဒီလိုနဲ့ပဲ နောက်ဆုံးကျတော့ လေတပ်ကူ တိုက်ခိုက်ရတယ်လို့ နောက်ဆုံးကျ
သတင်းထုတ်တယ်။ ဒါတော့ အမြဲလုပ်နေကျ ဖြစ်ရိုးဖြစ်စဉ်ပါ။ ကေအိုင်အေအနေနဲ့
လေယာဉ်လာတဲ့နောက်ပိုင်းမှာ လေယာဉ်ပစ်တဲ့အဖွဲ့ကို ဖွဲ့စည်းထားတာရှိတယ်။
လေယာဉ်ပစ်လက်နက်တွေနဲ့ နေရာတော်တော်များများမှာ နေရာယူထားတာရှိတယ်။
အခြားနေရာမှာလည်း ပစ်ခဲ့တာရှိတယ်။ ထိခဲ့တာလည်း ရှိတယ်။
ပျက်ကျသွားတဲ့အဆင့်တော့ မရောက်ဘူး။ ၁၁ ရက်နေ့ဖြစ်စဉ်မှာတော့ အချက်ပေါင်း ၂၀
ကျော် ပစ်ခတ်တဲ့အထဲမှာ ကျည်တချို့က အင်ဂျင်ပိုင်းကို ထိချက်မှန်သွားတယ်။
ထိချက်မှန်တာနဲ့ လေယာဉ်က နောက်ကြောင်းပြန်သွားတယ်။ ပြန်သွားရင်းနဲ့ပဲ
လမ်းခရီးမှာ ပျက်ကျသွားတာပါ။
မေး- ကေအိုင်အေက ရထားလမ်းတွေ၊
တံတားတွေ မိုင်းခွဲတာ အကြိမ် ၅၀ ကျော် လုပ်ခဲ့တယ်လို့ အစိုးရက
သတင်းထုတ်ပြန်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးရော ဘာများမှတ်ချက်ပေးချင်ပါလဲ။
ဖြေ- အစိုးရစစ်တပ်ကနေ တက်လာတဲ့ ရထားကို ဟန့်တားနှောင့်ယှက်တာမျိုးလုပ်တ
မေး- အခုဆိုရင် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ကြတော့ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးကိုရော ဘယ်လိုစီစဉ်ထားလဲ။
ဖြေ- အရပ်သားတွေက နဂိုကတည်းက တိုက်ပွဲဖြစ်လာတဲ့ကြားမှာဆိုတော
အဲဒီလို သတိအနေနဲ့ နေရင်းတန်းလန်းနဲ့ကို အခုလိုမျိုး ဖြစ်လာတယ်။
ဒီနေ့ဖြစ်တဲ့ ဖြစ်စဉ်မှာလည်း အရပ်သားတွေက ဗုံးခို ကျင်းတွေထဲပုန်းဖို့
အဆင်သင့်ပါပဲ။ ပေါက်ကွဲသံကြားလိုက်တာနဲ့ နေရာယူပြီးသားပါ။ ဒါပေမဲ့
အမြောက်ကျည်ဆန်က မြန်တဲ့အတွက် အားလုံးရှောင်ချိန်မရခဲ့ဘူး။ ဒီနေ့
သေဆုံးဒဏ်ရာရတဲ့လူတွေ အများစုက ဒုက္ခသည်တွေပါ။ တခြားရပ်ရွာက
တိုက်ပွဲဖြစ်လာတဲ့အခါ လိုင်ဇာဘက်ကိုပြေးလာပြီး ဆွေမျိုးအိမ်မှာ ခိုကပ်နေတဲ့
ဒုက္ခ သည်တွေပါ။ အဲဒီမှာ ၉ တန်း ကျောင်းသား အသက် ၁၄ နှစ်အရွယ်ပါတယ်။
မေး- ဒီလပိုင်းတွေမှာဆို အွန်လိုင်း၊ ဖေ့စ်ဘွတ်ခ်တွေမှာဆို ဟိုဘက်ဒီဘက်
အုပ်စုကွဲသလိုမျိုးဖြစ်လာ။ မှတ်ချက်ပေးတာတွေကလည်း တော်တော်လေး အစွန်းရောက်
လာတာတွေ့ရတယ်။ အဲဒါတွေက ပြဿနာကို ပိုဆိုးရွားသွားစေနိုင် တယ်လို့ထင်ပါသလား။
ဖြေ- ဖေ့စ်ဘွတ်ခ်တွေ ဒီမှာဖွင့်လို့ မရဘူး။ ဖေ့စ်ဘွတ်ခ်ထဲမှာ အချင်းချင်း
အချင်းများနေကြတယ်ဆိုတာ ကြားရတော့ စိတ်မကောင်းဘူး။ မလုပ်သင့်တဲ့ကိစ္စလို့
ယူဆတယ်။ ဖေ့စ်ဘွတ်ခ်မှာ ပြောကြဆိုကြရင်း နောက်မှာ လူမျိုးရေးပြဿနာတွေ
ပေါ်လာနိုင်တယ်။ အဲဒါတကယ့် စိုးရိမ်စရာပဲဗျ။ ဒါ မဖြစ်စေချင်ဘူးဗျ။
မေး- တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ အခုချိန်မှာ အရေးကြီးဆုံးက
ဘာဖြစ်မယ်ထင်လဲ။ ပြန်ပြီး စကားဝိုင်း စနိုင်ဖို့ဆိုရင်က
အဓိကဘာလိုအပ်မယ်ထင်ပါသလဲ။
ဖြေ- အဓိကကတော့ တိုင်းရင်းသားတွေ
ပြောဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ၀ိုင်းပြီးတော့ တည်ဆောက်နိုင်တဲ့
နိုင်ငံရေး ဆွေးနွေးမှုကို စတင်ဖို့ပါပဲ။ နိုင်ငံရေးဆွေးနွေးမှု
စတင်လိုက်တာနဲ့ ဒီပြဿနာတွေဟာ အားလုံးပြေလည်သွားဖို့ အဆင်သင့်ပါပဲ။
အရင်တုန်းက နိုင်ငံရေးဆွေးနွေးမှုကို မပြောဘူး။ ဒီနောက်ပိုင်းမှာ
နိုင်ငံရေးဆွေးနွေးဖို့ လုပ်ရအောင်ဆိုတဲ့ ပြောလာတာမျိုး ရှိပါတယ်။ ဒါပေမဲ့
သူတို့ရင်ထဲမှာ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကပဲ လုပ်ဆောင်သွားကြမယ်ဆိုတာမျိုး။
ပြောရရင်တော့ ဒီနိုင်ငံရေး ဆွေးနွေးမယ်ဆိုတဲ့ကိစ္စလည်း အဖြေကောင်းရနိုင်တဲ့
နိုင်ငံရေးဆွေးနွေးမှုဖြစ်ပေါ်လာန
မေး- တွေ့ဆုံဆွေးနွေးရေးပြန်လုပ်ဖို့
ဖြေ- စစ်ရှိန်လျှော့ဖို့ဆိုတာ ဒါလုပ်ရမယ့်ကိစ္စတစ်ခုပါ။
စစ်အရှိန်လျှော့ဖို့ ဘာတွေလုပ်ရမလဲဆိုရင် ကချင်ပြည်နယ်ကို ရောက်နေတဲ့
တပ်မတွေအားလုံးကို မူလတပ်တွေနေရာကို ပြန်ပြီးဆုတ်သွားလိုက်ပါ။ နောက်ပြီး
လေယာဉ်သုံး ပစ်ခတ်မှုတွေကို ရပ်ဆိုင်းလိုက်ပါ။ ဒါဆိုရင်
စစ်အရှိန်လျော့သွားမှာပဲ။ ၂၀၁၂ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ
ကြီးကြီးမားမားမရှိခဲ့ဘူးဆိုတာ သူတို့စစ်ရေးလှုပ်ရှားမှု မရှိလို့ပါ။
စစ်ဆင်ရေးလုပ်လာတာနဲ့အမျှ တိုက်ပွဲတွေပြင်းထန်လာ တယ်။ စစ်အရှိန်ဟာ
အစိုးရတပ်ရဲ့ ထိုးစစ်ပေါ်မှာမူတည်တယ်။ တပ်တွေကိုသာ ပြန်ဆုတ်လိုက်ပြီး
စမ်းကြည့်ပါ။ တိုက်ပွဲအရှိန်လျော့သွားမှာပါ။
ဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ။
ရေးသားသူ- အေးမြကျော် (7 Days News Journal)
ကေအိုင်အိုပြောရေးဆိုခွင့်ရှိသူ ဦးလနန်နှင့် တွေ့ဆုံခြင်း
Subscribe to:
Post Comments (Atom)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်