မြန်မာနိုင်ငံရဲတပ်ဖွဲ့ အတွင်း ဖွဲ့ စည်းပုံ အသစ်အတွက် ရဲအုပ်များအား ဒုရဲမှူးများအဆင့်သို့  တိုးမြှင့် ပေးနေကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦးနှင့် တွေ့ ဆုံစဉ်က ၄င်းအဆိုအရ သိရှိခဲ့ရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ ဖွဲ့ စည်းပုံအား ပြောင်းလဲနေမှုကို ၂၀၁၂နှစ်ကုန်ပိုင်းမှ စတင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ယခုကဲ့သို့  ရဲအုပ်များအား ဒုရဲမှူးများအဆင့်သို့  တိုးမြှင့်မှုမှာ ယခင်နှစ်များထက် ပိုမိုခဲ့သည်။
"ကျွန်တော်နဲ့  နီးစပ်တဲ့ သူငယ်ချင်း ရဲအုပ်တွေ အကုန်လုံးတော့ ရာထူးတိုးတယ်။ အခု ဌာနချုပ်က အမိန့် စာတော့ ထွက်နေပြီ၊ တိုင်းဒေသကြီးနဲ့  ပြည်နယ်တွေက ထပ်ဆင့်အမိန့် တွေတော့ မထွက်သေးဘူး။ ထပ်ဆင့်အမိန့် ထွက်ပြီးရင်တော့ အကုန်လုံး M.Oလုပ်ပြီး ရက်၂၀အတွင်း အပြောင်းအရွှေ့ တွေ လုပ်ရတော့မယ်" ဟု ရဲအုပ်ုတစ်ဦးက ဆိုသည်။
ယခင်က ရဲတပ်ဖွဲ့ အတွင်း စခန်းမှူးများအား ရဲအုပ်အဆင့်မှ ဒုရဲမှူးအဆင့်သို့ လည်းကောင်း၊ မြို့ နယ်ရဲတပ်ဖွဲ့ မှူးများအား ဒုရဲမှူးအဆင့်မှ ရဲမှူးအဆင့်သို့  လည်းကောင်း၊ လုပ်ပိုင်ခွင့် လုပ်နိုင်ခွင့် ပိုမို ရရှိနိုင်ရန် တိုးမြှင့် ပေးရန် စီမံချက်များ ရှိနိုင်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ အတွင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
"အရင်ကတော့ ဒီလိုပဲ သတင်းတွေ ထွက်ခဲ့တယ်၊ ကျွန်တော်တို့ မြို့ နယ်မှူးတွေကို ဒုရဲမှူးအဆင့်ကနေ ရဲမှူးအဆင့်နဲ့  စခန်းမှူးတွေကို ရဲအုပ်ကနေ ဒုရဲမှူးအဆင့်ထိ တိုးပေးမယ်ကြားနေတယ်၊ အခု မကြာသေးခင်ကတော့ ကျွန်တော်တို့ တွေကို ရဲမှူးအဆင့်ထိ တိုးပေးခဲ့ပြီးပြီ၊ ရဲအုပ်တွေကို ဒုရဲမှူးအဆင့်တွေ တိုးပေးနေတာမှန်ပေမယ့် စခန်းမှူးနေရာတွေမှာ ရဲအုပ်အဆင့်တွေပဲ ဆက်ထားမလား၊ ဒုရဲမှူးအဆင့်တွေနဲ့  ထားမလားတော့ အတိအကျ မသိသေးဘူး။ တိုးသွားတဲ့ ဒုရဲမှူးတွေ အတော်များများက ရဲတပ်ရင်းတွေကို ပြောင်းသွားရတာများနေတယ်" ဟု ရဲမှူးတစ်ဦးက ပြောပြသည်။
ရဲတပ်ဖွဲ့ အတွင်း ရာထူးအပြောင်းအလဲ များသောကြောင့် အရာရှိဒေါက်များ၊ ကြယ်ပွင့်များ အရောင်းသွက်ပြီး ဂိုဒေါင်မှာပါ မကျန်တော့ဘဲ ပစ္စည်းပျက်နေကြောင်း ရဲအရာရှိ ဒေါက်များနှင့် ကြယ်ပွင့်များ အရောင်းဆိုင် တစ်ခုမှ သိရသည်။
"အခုတလော ရာထူးတိုးတွေ များလွန်းလို့ ထင်တယ်၊ ပခုံးကြယ်ပွင့်တွေ လာဝယ်တာတွေ များနေတယ်။ အခု ဂိုဒေါင်မှာပါ မကျန်တော့ဘဲ ပစ္စည်းပျက်နေတယ်၊ တစ်ခါမှတော့ ဒီလို မဖြစ်ဖူးဘူး၊ ဖွဲ့ စည်းပုံတွေ ပြောင်လို့ လို့  ထင်တာပဲ"ဟု ရဲအရာရှိ ဒေါက်များနှင့် ကြယ်ပွင့်များ အရောင်းဆိုင်တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကေ
ရဲအုပ်များအား ဒုရဲမှူးအဆင့် တိုးမြှင့်နေ
Subscribe to:
Post Comments (Atom)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်