“မြန်မာနိုင်ငံတွင် သမိုင်းဝင်ကုလား သို့မဟုတ် ဘင်္ဂါလီရှိသည်ကို အသိအမှတ်ပြုပါသလားနှင့် စပ်လျဉ်းသည့်မေးခွန်း” အား စစ်တွေမဲဆန္ဒနယ်မှ ဦးခင်မောင်ညိုမေးမြန်းရာတွင်-
ရခိုင်ပြည်နယ် ဒေသခံ ရခိုင်တိုင်းရင်းသားများနဲ့ ဧည့်သည်တစ်ဖက်နိုင်ငံမှ ကုလား ခေါ် ဘင်္ဂါလီ မျိုးနွယ်စု ပဋိပက္ခ ဖြစ်ကြရာတွင် နှစ်ဖက်စလုံးမှ အသေအပျောက်များ၍ ပစ္စည်းဥစ္စာများ ဆုံးရှုံး နစ်နာခဲ့ကြပါတယ်။
၁၉၄၆ ခုနှစ်ကပင် ရန်စခဲ့သော ပဋိပက္ခသည် အကြိမ်များစွာ ပျောက် လိုက်ပေါ်လိုက် ဖြစ်ခဲ့သည်မှာ ၂၀၁၂ ခုနှစ်အထိ သက်တမ်းရှည်ခဲ့ပါတယ်။

သမိုင်းတွင် မရှိခဲ့သည့် တရားမဝင်သော လိုအပ်ဆန္ဒကြောင့် သူများပစ္စည်းကို မတရားလိုလားတောင်းဆိုမှု၊ လုယက်တိုက်ခိုက်မှု၊ အကြမ်းဖက်မှုများကြောင့် အေးချမ်းစွာ နေလိုသော ဒေသခံ ရခိုင်တိုင်းရင်းသား များမှာ မိမိတို့ ပိုင်ဆိုင်သော ပိုင်နက်ကို ကာကွယ်သည့် အနေဖြင့် လည်းကောင်း၊
ပြည်ထောင်စုကို ကာကွယ်သည့် အနေသည့်လည်းကောင်း ကျူးကျော်ရန်စမှုကို မခိုင်ဘဲ ဆန္ဒအရ ကာကွယ်ခဲ့ကြပါတယ်။ အကြောင်းအရင်းမှာ လုတဲ့သူနဲ့ အလုခံရသူများက ဘယ်သူလွန်သည်ကို ကြည့်ကြ မည်ဖြစ်ပါတယ်။
အင်္ဂလိပ်ကိုလိုနီခေတ်တွင် လူဝင်မှုကြီးကြပ်ရေးဌာနမရှိဘဲ အင်္ဂလိပ်များမှာ ကူလီ လုပ်ရန်လည်းကောင်း၊ ဝန်ထမ်းလုပ်ရန်လည်းကောင်း ဧည့်သည်စစ်တကောင်း နယ်သား
ကုလားခေါ် ဘင်္ဂါလီများကို မြန်မာနိုင်ငံအတွင်းသို့ ခေါ်ယူသွင်းလာခဲ့တာ လွတ်လပ်ရေးရပြီးနောက် ကုလား ဆူပူ မူဂျာဟစ် ရခိုင်ရွာပေါင်း ၃၀၀ ကျော်ကို မိမိတို့ပိုင်နက် နေရာဒေသမှ ရခိုင်များကို အကြမ်းဖက်၍ မောင်းထုတ်ခဲ့ပါတယ်။
ရခိုင်လူမျိုးများ ပိုင်ဆိုင်သော ဘိုးဘွာပိုင်မြေ၊ နေရပ်ပစ္စည်းများကို ရယူ သိမ်းဆည်းပြီး နယ်ချဲ့ခဲ့သော အဲဒီဘင်္ဂါလီများသည် ဖြစ်ကြပါတယ်။ ရခိုင်များက ဘင်္ဂါလီများ ကို မျိုးတုန်းသတ်ဖျက်သည်ဟု အယ်ဂျာစီးယား ရုပ်မြင်သံကြားမှ ပုံကြီးချဲ့ပြီးလွှင့်သည်မှာ လုံးဝ မမှန်ကန်ပါ။
ဘင်္ဂါလီများကို ရာဂဏန်းမှ ထောင်ဂဏန်း၊ ထောင်ဂဏန်းမှ သောင်းဂ ဏန်း၊ သောင်းဂဏန်းမှ သိန်းဂဏန်းသို့ တိုးပွားလာခြင်းမှာ မျိုးတုန်း သတ်ဖြတ်ခြင်း မဟုတ်ပါဘူး။
မှန်သည် မှားသည်ကို လွှတ်တော်ကိုယ်စားလှယ်များ စဉ်းစားကြည့်လျှင် သိရှိနိုင်ပါတယ်။ ကုလားဝေါဟာရနဲ့ ဘင်္ဂါလီဝေါဟာရနှစ်ခု ပျောက်စေရန် နည်းမျိုးစုံကြံပြီး ကြိုးစားနေခြင်းသာဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံ မှ ဘာသာတူများကိုစုစည်း၍ ဘာသာရေးပဋိပက္ခအသွင် ဖန်တီးနေခြင်းသာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံကုလားဟူသော ဝေါဟာရကို နည်းမျိုးစုံနဲ့ ခြောက်လန့်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။
သို့သော် ဥပမာ- ဦးကုလားရာဇဝင်ကြီး၊ ဇင်းမယ်ကုလား၊ သွေးသောက်ကြီးကန်ကုလား၊ ကုလားမနိုင် ရခိုင်မဲ၊ ကုလားဖြူ၊ ကုလားမဲ၊ ကုလားထိုင်၊ ကုလားကာ၊ ကုလားပဲ၊ ဖဲထုတ်တို့တွင် ပါသော ကုလားတို့မှာ ကုလားဝေါဟာရများ ဖြစ်ကြပါတယ်။
ကုလားသည် လူ၏ဥပဓိရုပ်ကို မြင်လျှင် ပါးစပ်မှ လွတ်ခနဲ အလိုလို ကုလားဟုထွက်သော ကုလားဟူသော ဝေါဟာရကို ထုတ်၍မရပါဘူး။
လွတ်လပ်ရေးရပြီး နောက်ပိုင်း လူဝင်မှုကြီးကြပ်ရေးဌာနမှ ယာယီမှတ်ပုံတင်ပေးသည့်အခါ စာရင်းသွင်းပုံစံတွင် ပုံစံ(၁)၌ ကိုးကွယ်သည့်ဘာသာမှာ အစ်စလာမ်ဘာသာ၊ လူမျိုးက ဘင်္ဂါလီဟု အစစ်ခံထားပါတယ်။ သူတို့ က သူတို့က အစစ်ခံထားတာပါ။
ကုလား သို့မဟုတ် ဘင်္ဂါလီများက အတိအကျမြန်မာနိုင်ငံက သမိုင်းဝင်ဝေါဟာရဖြစ်ပါတယ်။ ရခိုင်လူမျိုးကို ရခိုင် သို့မဟုတ် ရက္ခိ ဟုခေါ်ပါတယ်။ မြန်မာလူမျိုးကို မြန်မာ သို့မဟုတ် ဗမာ ဟုခေါ်ပါတယ်။
ဂျပန်လူမျိုးကို ဂျပန် သို့မဟုတ် နီပွန်ဟုခေါ်ထားပါတယ်။ ကုလားလူမျိုးကိုလည်း ကုလား သို့မဟုတ် ဘင်္ဂါလီဟု ခေါ်ပါသည်။ ဤဝေါဟာရများကို မည်သည့် အာဏာနဲ့မျှ ဖယ်ရှား၍မရပါ။
နယ်မြေသစ်တစ်ခုရှာပြီး ပြောင်းရွှေ့ပစ်ရင်တော့ ကောင်းမှာပါ။
မြန်မာ နိုင်ငံ၏ ဥပဒေကို လိုက်နာမည်ဟုပြောလျှင် ပြည်ထောင်စုမြန်မာနိုင်ငံ ကို သစ္စာရှိရပါမည်။
၁၉၈၂ ခုနှစ် တည်ဆဲဥပဒေသည် နိုင်ငံခြားသား မြန်မာနိုင်ငံကို ဝါးမြိုရန် စိတ်ကူးယဉ်နေခြင်းကို ဥပဒေနှင့် တားမြစ်ထားခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။
ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါ မေးခွန်းနှစ်ခုကို ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
(၁) မြန်မာနိုင်ငံတော်သမိုင်းတွင် ကုလား သို့မဟုတ် ဘင်္ဂါလီ ရှိသည်ဟု အသိအမှတ်ပြုပါသလား။
(၂) ကုလား ဘင်္ဂါလီ ရှိပါလျက်နှင့် တီထွင်ထားသောအမည်ကို တားမြစ်ပေးပါမည်လား။
အားလုံးကိုကျေးဇူးတင်ပါတယ်။
ပြည်သူ့လွှတ်တော်
thit htoo lwin blog facebook

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်