="font-family: Zawgyi-One; text-align: justify;">မြန်မာနိုင်ငံ ကူးလက်မှတ်အား ယခင်က လျှောက်ထားပြီး သတ်မှတ်ကာလတစ်လ ခန့် အကြာ သာထုတ်ပေးခဲ့သော်လည်း ယခုအခါ ၁၀ရက်အတွင်းထုတ်ပေးရန်စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်းပေးရေးရုံးမှ ယနေ့ မတ်လ ၁၉ရက်နေ့ တွင် ထုတ်ပြန်ကြေငြာ သည်။
ထို့ အပြင် မြန်မာနိုင်ငံကူး လက်မှတ်လျှောက်ထားရာတွင် လျှောက်လွှာများ ကို ပုံစံ (၁၄) ရွက်ဖြည့်သွင်းခဲ့ရာမှ လျှောက်လွှာပုံစံ ငါးရွက်အထိ လျှော့ချ လိုက်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ မတ်လ ၁၈ရက်နေ့ မှ စတင်ကာ နိုင်ငံကူး လက်မှတ်လျှောက်ထားတွင် ပညာရေးကင်းရှင်းကြောင်း ထောက်ခံချက်အား ပူးတွဲတင်ပြရန် မလိုအပ်တော့ကြောင်း ပညာရေးဝန်ကြီးဌာန ၊ အောက်မြန်မာပြည် အဆင့်မြင့် ပညာဦးစီးဌာနက ယနေ့ မတ်လ ၁၇ရက်နေ့ က ထုတ်ပြန်ကြေငြာခဲ့သည်။
ထို့အပြင် လွန်ခဲ့သော မတ်လ၁၅ရက်နေ့မှစတင်ကာ ပြည်ပထွက်ခွာမည့်
သူများအနေဖြင့် ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်း သက်သေခံလက်မှတ် ပုံစံ(ဂ) ပထခ(၀င)-၁၂ ခေါ် (ပုံစံ၁၉)နှင့် လေဆိပ် လူဝင်မှု ကြီးကြပ်ရေးတွင် တင်ပြရသည့် ပုံစံ(ယ) ခေါ် D-Formတို့ အားလျှောက်ထားရန် မလိုအပ်တော့ကြောင်း ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာနကလည်း ထုတ်ပြန်ကြေငြာထားပြီး ဖြစ်သည်။
The Myanmar Times
နိုင်ငံကူးလက်မှတ်များကို လျှောက်ထားပြီး (၁၀)ရက်အတွင်းထုတ်ပေးရန်ရှိ
Subscribe to:
Post Comments (Atom)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်