မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ခရိုင်အားကစားကွင်း၊ အမှတ် (၁) ရဲစခန်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စုစုပေါင်း ဒုက္ခသည်ဦးရေ ၉,၀၀၀ ခန့်ရှိနေကြောင်း သတင်းရရှိသည်။
အဆိုပါ ဒုက္ခသည်များအတွက် ရေနှင့် အစားအသောက်များ၊ အညစ်အကြေးစွန့်ရန် အိမ်သာများ လိုအပ်နေကြောင်း အဆိုပါဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
"ဒုက္ခသည်စခန်းမှာ မီးအသုံးပြုခွင့်မပေးဘူး။ အဲဒါကြောင့် အစားအသောက်ခြောက်တွေ၊ ရယ်ဒီမိတ်တွေပဲ စားသုံးနေတယ်" ဟု ဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးနေသော အင်န်အယ်လ်ဒီပါတီမှ ကိုတေဇာက ပြောသည်။

ယနေ့တွင် မန္တလေးနှင့် ပုဂံညောင်ဦးအပါအ၀င် အခြားမြို့များမှ သံဃာတော်များ၊ လူမှုရေးအဖွဲ့များနှင့် စေတနာရှင်ပြည်သူများက ဒုက္ခသည်များအတွက် အစားအသောက်ပစ္စည်းများ လာရောက်ပို့ဆောင်ပေးနေကြောင်း သတင်းရရှိသည်။
မတ်လ ၂၃ ရက်တွင် မိတ္ထီလာမြို့ အခြေအနေမှာ တည်ငြိမ်နေပြီး အမှတ် (၇၇) ခြေမြန်တပ်မလက်အောက်ခံတပ်ရင်းများ၊ စကခ (၄) လက်အောက်ခံတပ်ရင်းများစသော တပ်ရင်းများမှ တပ်မတော်သားများက လုံခြုံရေးတာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
မိတ္ထီလာမြို့တွင်ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် သုံးရက်အတွင်း၁၁ ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့သည်။ နေအိမ် ၁၅၂ လုံး၊ ဘာသာရေး အဆောက်အအုံ ၁၃ လုံး၊ ကား နှစ်စီး၊ ပညာရေးမှူးရုံး တစ်လုံး၊ ဆိုင်ကယ် တစ်စီး၊ သုံးဘီးဆိုင်ကယ် နှစ်စီး ပျက်စီးခဲ့ကြောင်း အစိုးရက မတ်လ ၂၂ ရက်ညတွင် သတင်းထုတ်ပြန်သည်။
ပုံစာ - မိတ္ထီလာမြို့တွင် ယနေ့(မတ်လ ၂၃) နေ့ခင်းပိုင်းတွင် ပျက်စီးနေသော အဆောက်အအုံများကို ရှင်းလင်းရေးလုပ်ကိုင်နေသော တပ်မတော်သားအချို့ကို တွေ့ရစဉ်
7Day News Journal

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်