ယမန်နှစ်ကဖြစ်ပွားခဲ့သော တောင်ဥက္ကလာပမြို့နယ်အတွင်းက ယာဉ်တိုက်မှုတစ်ခုကြောင့် အပြိုင်အလှန် တရားဆွဲမှုတစ်ခုမှ တရားခံမှ တောင်ဥက္ကလာပရဲစခန်းသည် တရားလိုလိုမှ လာဘ်ယူမှုပြုခဲ့ကြောင်း တိုင်ကြားမှုကြောင့် တောင်ဥက္ကလာပရဲစခန်းအား စစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း တရားဝင်ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း တိုင်ကြားသူ၏ အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။
"ယာဉ်တိုက်မှုဆိုတာ ယာဉ်မှုစစ်နဲ့ပဲဆိုင်တာပါ။ စခန်းရဲနဲ့က ဘာမှမဆိုင်ပါဘူး၊ ဒါကို စခန်းရဲက ကျွန်တော့်ကို ခေါ်ပြီး ဟိုဘက်ကတောင်းတဲ့ လျော်ကြေးပေးဖို့ပြောဆို ညှိနှိုင်းလာတယ်။ အဲ့ဒီဘက်က အထူးစုံစမ်းစစ်ဆေးရေးက လူကြီးတွေနဲ့ သိကျွမ်းခင်မင်တာ သိရတယ်။ သူတို့ဘက်က စခန်းကို ဘယ်လောက်ပေးတယ်ဆိုတာတော့ မသိဘူး။ ဒါပေမယ့် သူတို့ဘက်က စခန်းက ခေါ်ညှိတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စမို့ ဒီဘက်က တရားခံက တိုင်ကြားတာပဲဖြစ်တာပေါ့"ဟု အမည်မဖော်လိုသူ တရားခံနှင့် နှီးစပ်သူတစ်ဦးက ပြောပြသည်။
ယင်းအမှုနှင့် ပတ်သတ်၍ တောင်ဥက္ကလာပရဲစခန်းအား စစ်ဆေးနေမှုများနှင့် တရားလိုအား သက်သေအဖြစ် ခေါ်ယူစစ်ဆေးမှုများရှိနေသော်လည်း ယင်းတိုင်ကြားမှုကို တရားဝင် လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်နေခြင်းမဟုတ်ဘဲ နားလည်မှုဖြင့်သာ လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း သက်ဆိုင်သူများထံမှ သိရှိရသည်။
လာဘ်ပေးလာဘ်ယူများအား တိုက်ဖျက်မည်ဟု ပြည်ထဲရေးမှ တရားဝင်ကြေညာထားသော်လည်း တိုင်ကြားမှုကို တရားဝင်မဟုတ်ဘဲ နားလည်မှုဖြင့် ဆောင်ရွက်ပေးနေမှုသည် တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုမရှိခြင်းဖြစ်သည်။
မိုးစက်
လာဘ်ယူမှုကြောင့် တောင်ဥက္ကလာရဲစခန်း စစ်ဆေးခံနေရသော်လည်း တရားဝင်မဟုတ်ဟုသိရ
Subscribe to:
Post Comments (Atom)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်