ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၈)လမ်းရှိ ရေကျော်ဗလီတွင် မီးလောင်မှုဖြစ်ပွားရာ ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား ၇၀ ရှိသည့်အနက်၊ ၁၃ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသည့် ၄ ဦးကိုပြန်လည်တွေ့ရှိပြီဖြစ်ကြောင်းနိုင်ငံပိုင်ရုပ်မြင်သံကြားကတဆင့် ယနေ့နံနက် ၈နာရီသတင်းတွင်ထုတ်ပြန်ကြေညာသည်။
မီးလောင်ရာသို့ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲသတင်းအရ ဗလီအတွင်းတပ်ဆင် ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၃နာရီ ၁၃မိနစ်တွင်မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
"ဒါက သာမန်မတော်တဆမှုပါပဲ။ ဒါကိုအခွင့်ကောင်းယူပြီး ဆူပူမှုတွေဖြစ်အောင်လို့လူမှု ကွန်ယက်နဲ့ အင်တာနက်စာမျက်နှာတွေမှာ ရေးသားလှုံ့ဆော်နေတာတွေတွေ့ရပါတယ်။ အဲဒါကြောင့် အစိုးရတာဝန်ရှိသူတွေအနေနဲ့သတင်းအမှန်တွေကိုအချိန်တပြေးညီထုတ်ပြန်သွားမှာဖြစ်ပါတယ်။ အင်တာနက်မှာလည်း ရဲဇာနည်ဖေ့စ်ဘွတ်စာမျက်နှာနဲ့ မြန်မာအသံရုပ်မြင်သံကြားကနေ သတင်းတွေတောက်လျောက်လွှင့်သွားမှာပါ" ဟု ဦးရဲထွဋ်က အတည်ပြုပြောကြားသည်။
7Day News Journal

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်