ဗိုလ်တစ်ထောင်မှ ဗလီမီးလောင်မှု ကောလဟာလ သတင်းစာရှင်းလင်း

ဗိုလ်တစ်ထောင်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှု နှင့် ပတ်သက်၍ ကောလဟာလ သတင်းများထွက်ပေါ်နေမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ယနေ့ညနေ ၅ နာရီ ၃၀ ခန့်တွင် ဒုတိယအကြိမ် သတင်းစာ ရှင်းလင်းပွဲပြုလုပ်လိုက်သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်နှင့် ရဲတပ်ဖွဲ့မှုးတို့မှ အခင်းဖြစ်ပွားရာတွင် ဗလီဆရာဦးဇေယျာဖြိုးမှ လုပ်ကြံဖန်တီးထွက်ဆိုမှု ကြောင့် ကောလဟာလသတင်းများ ထွက်ရှိခဲ့ကြောင်း ၊ယခုအခါ စစ်ဆေးချက်များအရ အဖြစ်မှန်ကို သိရှိနေရပြီဖြစ်ကြောင်းပြောကြားကြသည်။

"တကယ်တမ်းစပြီးတော့ မီးအားမြင့်စက်အသံမြည် တယ်။ခလေးတွေက နိုး တယ် နောက်တော့ ဗလီဆရာကို နိုးတော့ မနိုးဘူးလို့ သိရတယ်။ မီးပြတ်ရင် စက်ရှိတယ် တဲ့။တရုတ်နီ ၂၅ ကောင်အား ဒီဇယ်သုံးတာပါ။ လှေခါးရဲ့အောက်မီအားမြင့်စက်အောက်မှာ ဒီဇယ်ပုံးရှိပါတယ်။ ဒီဇယ်ဆွတ်ထားတဲ့ စောင်ကို ဖြန့်ပြီးပစ်မလား၊ထွက်ဆိုချက်တွေ လွဲနေပြီ ဆိုတော့ မှ ၀န်ခံပါတယ်။

ခလေးတွေ ကပြော တယ်။လှေကားအောက် မီးအားမြင့်စက်နားမှာ ဒီဇယ်ပုံး ထားတာပါ။ ၅ ဂါလံပုံးက ဒီအထဲကိုရောက်နေမလား။ သူ့ကြောင့် ခလေးတွေ ဆုံးတာကို တမင် လွဲပြောထားတာ။

၁၈၈ ထုတ်ထားတာ ကြောင့် လူတွေဟာ မထွက်ကြပါဘူး၊တပ်က ကင်းလှည့် ။ရဲက ကင်းလှည့် ဘယ်သူကလာရဲမှာလဲ။၁၀ နာရီနောက်ပိုင်းမှာ သိပ်ကို မထွက်ကြပါဘူး " ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေကပြောသည်။

AH(NYK)
Popular Myanmar News Journal

0 မှတ်ချက်များ: