ဆင်းကတ်ရောင်းချမည့်ရက်ကို ကြေညာချက်ထုတ်ပြန်ပြီး တစ်ပတ်ကျော်ကြာမှသာ ရောင်းပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
“ကျွန်တော်တို့ လက်ထဲမှာ ဆင်းကတ်တွေရောက်နေပါပြီ။ ကတ်တွေ ထုတ်လိုက်တော့ဆိုပြီးအထက်ကညွှန်ကြားချက် မလာသေးဘူး။ ညွှန်ကြားချက်လာရင်လည်း ချက်ချင်းရောင်းလို့မရသေးဘူး။ သတင်းထုတ်ပြန်ပြီးရောင်းဖို့ စီစဉ်ရဦးမယ်။ တစ်ပါတ်ဒါမှမဟုတ်၁၀ ရက် လောက်နီးပါးအချိန်ခွာပြီးမှ ရောင်းချပေးမှာပါ” ဟုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။
ဆင်းကတ်ကို ဧပြီလ၅ ရက်နေ့တွင် ကျပ်နှစ်သောင်းနှုန်းဖြင့် ရောင်းချပေးမည်ဟုသတင်းထွက်ပေါ်နေသလို ဂျီဖုန်းကျပ်ငါးထောင်နှင့် WCDMA ကျပ်ခြောက်ထောင်နှုန်းဖြင့် ယခုရက်ပိုင်းအတွင်း ရောင်းချပေးမည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

“ဈေးနှုန်းဘယ်လောက်လဲ ဆိုတာတော့ကျွန်တော်တို့လည်းမသိသေးဘူး။ ဖုန်းဈေးနှုန်းနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်တောင် မပြောသေးဘူး။ ဝန်ကြီးလည်း မပြောသေးဘူး။ ဒါကြောင့် ကျွန်တော်တို့အဆ င့်လည်းမသိသေးပါဘူး” ဟု၎င်းက ဆက်လက်ပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့်ဆင်းကတ်ရောင်းချရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ တယ်လီဖုန်း မရရှိသည့်သူများကို မျှတမှုရှိအောင်စနစ်တကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၊ဖုန်းများ ရောင်းချပြီးပါကလည်းဖုန်းလိုင်းကျပ်တည်းမှု မရှိအောင်ကြိုတင်စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြင်ပဈေးကွက်တွင် သတ်မှတ်နှုန်းထက်ပို၍ရောင်းချမှုနှင့် ဈေးကစားမှုများမပြုလုပ်နိုင်ရေးအတွက် လစဉ် ဖုန်းရောင်းချမှုကို တူညီသည့်နှုန်းဖြင့်သာ ရောင်းချပေးမည် ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ်ဧပြီလ ၄ ရက်နေ့ထုတ် Popular Newsဂျာနယ်တွင် ဖော်ပြထားပါသည်။
Credit to-The Voice Weekly

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်