တန်ဖိုးနည်း SIM Card ထွက်ရှိမည့် ရက်နှင့် ဈေးနှုန်း အတိအကျ မသိရသေး

ယခုနှစ်တွင် ထပ်မံချထား ပေးမည့်တန်ဖိုးနည်း ဖုန်းများ၏ ရောင်းချပေးမည့် တန်ဖိုးနှင့်ထွက် ရှိမည့်ရက်အတိအကျကိုမသိရှိ ရသေးကြောင်းကို နိုင်ငံပိုင်မီဒီ ယာတစ်ခုဖြစ်သည့် မြန်မာအလင်း သတင်းစာတွင် ဖော်ပြထားချက် အရ သိရှိရသည်။

သို့သော်အဆို ပါတန်ဖိုးနည်း SIM Card များကို ဧပြီလအတွင်း ရောင်းချသွားမည် မှာ သေချာကြောင်း သိရ သည်။

မတ်လ ၂၅ ရက်နေ့တွင် နိုင်ငံပိုင် မီဒီယာ၏ ဆက်သွယ် မေးမြန်းမှု ကိုဖြေကြားခဲ့သည့် မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်း၊ အိုင်တီဝန် ဆောင်မှုမှ အင်ဂျင်နီယာချူပ် ဦးဌေးဝင်းက "ဧပြီလထဲတွင် ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး ရောင်းချပေးရန် စီစဉ်နေပါတယ်။ ထွက်ရှိမည့် ရက်နှင့်ဈေးနှုန်းကို အတိအကျ မသတ်မှတ်ရသေး ကြောင်း" ဖြေကြားခဲ့သည်။

ထို့ပြင် ဖုန်း လိုင်းကို တစ်သန်း သာချထား ပေးမည် ဟု ထွက်ရှိနေသည့် သတင်းများသည် ကောလဟာလ များဖြစ်ပြီး ထပ်မံချ ထားပေးမည့် ဖုန်းလိုင်း အရေအတွက်မှာ ခန့်မှန်း ၃ သန်းအထက်တွင် ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ဖုန်းလိုင်း ချထားမှုကြန့်ကြာရခြင်းမှာထပ် မံချထား ပေးမည့်ဖုန်းလိုင်းအရေ အတွက်မှာ များပြားသည့် အတွက် တာဝါတိုင်အရေအတွက် များပြား စွာလိုအပ်ခြင်း၊ စခန်းထပ်မံ တိုးချဲ့ ရန်အတွက် နေရာအခက်အခဲ ရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယခုထပ်မံ ထွက်ရှိမည့် SIM ကဒ်များ၏ ခေါ်ဆိုမှု နှုန်းထားများမှာလည်း ယခင် ဖုန်းများကဲ့သို့ပင် ဖြစ်ပြီး ပြောင်းလဲ ကောက်ခံမည်မဟုတ် ကြောင်းသိရသည်။

ထို့ကြောင့် အသစ်ထပ်မံချ ထားပေးမည့်တန်ဖိုးနည်း SIM Card များမှာအပြင်တွင်ထွက်ရှိ နေသည့် ကောလဟာလများကဲ့သို့ အဝင်အထွက် ပေးဆောင်ရခြင်း မျိုးမရှိကြောင်းသိရသည်။ ယခု လက်ရှိတွင်ပြည်တွင်းရှိအထပ်မြင့် အဆောက်အအုံများပေါ်ရှိတာဝါ တိုင်များတွင် တန်ဖိုးနည်းဖုန်းလိုင်း များအတွက်စက်အသစ်များထပ်မံ တပ်ဆင်ခြင်းလုပ်ငန်းများကိုလုပ် ဆောင်လျက်ရှိကြောင်းသိရသည်။

သက်ထွဋ်ဦး

http://smart.com.mm/index.php?option=com_content&view=article&id=18490%3Aless-valued-sim-card&catid=112&Itemid=640

0 မှတ်ချက်များ: