နောက်ဆုံးရ မုန်းတိုင်းအရေးကြီးသတင်း

မေလ၁၅ရက်နေ့ ညနေပိုင်းတွင် မောင်တော(မြန်မာနိုင်ငံ)နှင့် စစ်တကောင်း(ဘင်္ဂလားဒေ့ရှ်)မြို့များကြားက ကမ်းခြေသို့ ဆိုင်ကလုန်းမုန်တိုင်းအဆင့် အင်အား၊ တစ်နာရီ လေတိုက်နှုန်း ၉၅မိုင်မှ ၁၀၅မိုင်နှုန်းဖြင့် ဖြတ်ကျော်ဝင်ရောက်လိမ့်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းခြေများတွင် မုန်တိုင်းဒီရေ ၅ပေမှ ၇ပေခန့် တက်နိုင်သည် ဟု ခန့်မှန်းထားကြောင်း ဒေါက်တာထွန်းလွင်(MCCW)၏ အဆိုအရ သိရသည်။  


ယခုအခါတွင် ဆိုင်ကလုန်းမုန်တိုင်းသည် ဆက်လက်အားကောင်းနေပြီး မြန်မာနိုင်ငံနှင့် ဝေးရာ အနောက်မြောက်ဘက်-မြောက်အနောက်ယွန်းယွန်းသို့ ဦးတည်ရွေ့လာနေသော်လည်း ယင်းမှာ မေလ ၁၂ရက်နေ့အထိသာ သွားမှာဖြစ်ပြီး ယင်းနောက်တွင် အရှေ့မြောက်ဘက်သို့ ပြန်လည်ကွေ့ပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ကမ်းခြေကို ဦးတည်ရွေ့လိမ့်မည်ဖြစ်သည်ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် ပထမပိုင်းတွင် မြန်မာနိုင်ငံရှိရာအရှေ့မြောက်ဖက်သို့ ဦးတည်ရွေ့လာနေတဲ့အတွက် မြန်မာ့ကမ်းရိုးတန်းအတွက် urgency and emergency လုပ်ငန်းများ လှုပ်လှုပ်ရွရွ ဖြစ်ပွားခဲ့ရပြီး မြန်မာနှင့် ဝေးရာ အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားနေခြင်းဖြစ်သည်။

Eric Kim, သတင်းထောက်ကေနှင့်
   ကမ္ဘာ့ရွာကလေး သတင်းအဖွဲ့

0 မှတ်ချက်များ: