သမ္မတ ဦးသိန်းစိန်၏ စကားကြောင့် လမ်းလျှောက်ဆန္ဒပြ

ရန်ကုန် (မဇ္ဈိမ)။ ။ သမ္မတ ဦးသိန်စိန်၏ စကားကြောင့် လက်ပံတောင်းအရေး လှုပ်ရှားသူများသည် မြို့နယ်လေးမြို့နယ်သို့ ယမန်နေ့နေ့လည် ၃ နာရီတွင် လမ်းလျှောက်ဆန္ဒပြသည်။


သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အတွင်း ပြောခဲ့သည်ဆိုသော 'ဆန္ဒပြသူများသည် ကျပ် ၃,၀၀၀၊ ၅,၀၀၀ ယူ၍ လုပ်ဆောင်နေသည်' ဆိုသော စကားအား ရှုံ့ချကြောင်းနှင့် လက်ပံတောင်း ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန်အတွက် ၂၀၁၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့က ရန်ကုန်မြို့တွင် ဆန္ဒပြပွဲတရပ် ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) တာမွေလမ်းဆုံမှ ဆူးလေအထိ လမ်းလျှောက် ဆန္ဒပြကြခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အတွင်း ပြောခဲ့သည် ဆိုသော “ဆန္ဒပြသူများသည် ကျပ် ၃,၀၀၀၊ ၅,၀၀၀ ယူ၍ လုပ်ဆောင်နေသည်” ဆိုသည့် စကားအား ရှုံ့ချကြောင်းနှင့် လက်ပံတောင်း ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန်အတွက် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒထုတ်ဖော်သူ ဒေါ်နော်အုန်းလှက “ကျွန်မတို့က သမ္မတ ပြောသလို နေ့စားခယူပြီး ဆန္ဒပြနေတာ မပာုတ်ပါဘူး။ကျွန်မတို့ နိုင်ငံက သယံဇာတတွေ မဆုံးရှုံးအောင်လို့  ဆန္ဒထုတ်ဖော် နေတာပါ။ဒီလို ပြောတဲ့ သမ္မတကို ကျွန်မတို့ ရှုံ့ ချပါတယ်။” ပာု ပြောသည်။

အဆိုပါ ဆန္ဒပြမှုအား ယမန်နေ့  နေ့လည် ၃ နာရီ အချိန်တွင် တာမွေ လမ်းဆုံ မှ စ၍ လမ်းလျှောက်ခဲ့ရာ မင်္ဂလာတောင်ညွန့် မြိုနယ်၊ ပုစွန်တောင်မြို့နယ်၊ဗိုလ် တစ်ထောင်မြို့နယ်များသို့ ဖြတ်၍ နေ့စားခ ယူ၍ ဆန္ဒပြခြင်း လုံးဝမပာုတ်ပာု ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

အဆိုပါ ၃၀၀၀ မှ ၅၀၀၀ ကျပ် နေ့ စားခ ယူ၍ ဆန္ဒပြနေသည်ပာု ပြောသောစကားသည် သမ္မတ ဦးသိန်းစိန် အမေရိကန် ခရီးစဉ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒပြသူ ဦးရေမှာ ၈ ဦးခန့် ရှိပြီး ထိုသူများမှာ ဆန္ဒပြခွင့်အား သက်ဆိုင်ရာ အာဏာပိုင် ရဲစခန်းများမှ ခွင့်ပြုချက် မယူထားကြောင်း မင်္ဂလာတောင်ညွှန်ရဲစခန်းမှ ရဲမှူးက ပြောသည်။

ရဲမှူးက “ဆန္ဒပြဖို့  တရားဝင် တင်ပြထားတာ မရှိတဲ့အတွက် ဥပဒေအရ အရေးယူမယ်ဆိုရင် ယူလို့  ရတယ်။ အများသူဌာ သွားတဲ့လမ်းမှာ ပိတ်ဆို့မှု တွေလည်း ဖြစ်တယ် ”ပာု ပြောသည်။

ထိုသို့  ပြောကြားသော်လည်း သတိပေးခြင်းသာ ဖြစ်ကြောင်း ဖမ်းဆီးရန် မပာုတ်ကြောင်း ရဲမှူးက ဆက်လက်ရှင်းပြသည်။

အဆိုပါ အဖွဲ့အား မင်္ဂလာတောင်ညွှန် ရဲစခန်းသာမက လမ်းတစ်လျှောက်ရှိ တာမွေ၊ ပုစွန်တောင် စသည့်မြိုနယ်များမှ အာဏာပိုင်များမှ သတိပေးခဲ့သည်။

http://www.mizzimaburmese.com/news/inside-burma/11719-2013-05-23-15-22-46.html

0 မှတ်ချက်များ: