မုန်တိုင်းသတင်း
မေလ ၁၅ရက်၊ ၂၀၁၃ခုနှစ်၊ မြန်မာစံတော်ချိန် ၆း၄၀နာရီ
(၁၅-၅-၂၀၁၃)ရက်ညနေပိုင်းမှာ TC 01B Mahasen ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်စဉ် လေတိုက်းနှုန်း ပမာဏ မူလခန့်မှန်းထားသည်ထက် လျော့နည်းနိုင်တာကို တွေ့လာရပါတယ်။
(၁၆-၅-၂၀၁၃)ရက်နေ့ ညနေပိုင်း Mahasen Cyclonic Storm ဟာ (၁၅-၅-၂၀၁၃)ရက်နေ့ ၁၂း၃၀ နာရီမှာ လေတိုက်နှုန်း တစ်နာရီ (၉၅)မိုင်နှုန်းလောက်တိုက်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် ဒီကနေ့ နေ့လည်ပိုင်းမှာ တစ်နာရီ (၅၅)မိုင်နှုန်း လောက်သာ တိုက်ခတ်နေခဲ့တာ ကို တွေ့ရ ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနီးမှ ဖြတ်ကျော်ကာ ၀င်ရောက်တဲ့ အချိန် လေတိုက်နှုန်းကို 70 knots
(85 mph) လောက်ရှိမယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် (15-5-2013)ရက်နေ့ ညနေ(၃း၃၀) နာရီ အချိန် ခန့်မှန်းချက်ကတော့ မုန်တိုင်းဝင်ရောက် စဉ်မှာ လေတိုက်နှုန်း 55 knots (60 mph) ခန့်သာ ရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းရ ပါတယ်။
ဒါဟာ..Mahasen ဆိုင်ကလုန်းမုန်တိုင်းဟာ မှန်းထားသလောက် အားမပြင်းနိုင်ဘူးဆိုတဲ့ သဘော ကို (၁၅-၅-၂၀၁၃)ရက်နေ့ တွက်ချက်မှုများအရ တွေ့ရှိရခြင်းပါဘဲ။
ဒေသခံများ နဲ့ ကြိုတင် ကာကွယ်ရေး၊ ကယ်ဆယ်ရေးဆောင်ရွက်နေကြတဲ့ သူတွေအားလုံး အတွက် စိတ်သက်သာ ရာရစရာ သတင်းကောင်းပါဘဲ။
ဒါပေမယ့် တစ်နာရီ (60 mph) ဆိုတဲ့ လေတိုက်နှုန်း ပမာဏဟာလည်း ပင်လယ်ပြင်မှာ လှို်င်းအမြင် (၁၂)ပေခန့် လောက်အထိ နဲ့ လှိုင်းကြီးမှုကို ဖြစ်စေနိုင်ပါတယ်။
နောက်ပြီး..ဒါဟာ လက်ရှိအနေအထား(၁၅ရက်နေ့ ညနေ ၃း၃၀ နာရီအချိန်)သာဖြစ်ပါတယ်။ မုန်တိုင်းတစ်ခုရဲ့အနေအထားဟာ အချိန်နဲ့အမျှ အပြောင်းအလဲတွေရှိနိုင်တာကြောင့် ဒီနောက်ပိုင်း အချိန်တွေမှာ ဖြစ် လာနိုင်တာတွေကိုတော့ အချိန်နဲ့တပြေးညီ ဆက်လက် ထုတ်ပြန်ပေးသွား မှာ ဖြစ်ပါတယ်။
မုန်တိုင်းဟာ မနက်ဖန် (၁၆-၅-၂၀၁၃)ရက်နေ့လည်ပိုင်းလောက်ကစပြီး မုန်တိုင်းရဲ့ ရှေ့အဖျား (advancing edge or bar) ဟာ အရင်ဆုံးစဖြတ်ပါ့မယ်။ ဖြတ်ကျော်စဉ်မှာ လေတိုက်နှုန်းဟာ တစ်နာရီ မိုင်(၄၀)လောက်နဲ့ စပါမယ်။
အဲဒီအချိန်မှာ မုန်တိုင်းရဲ့ဗဟိုချက်ဟာ ပင်လယ်ပြင်ထဲမှာ ကမ်းက မိုင်(၉၀)အကွာမှာဘဲ ရှိနေပါဦးမယ်။ ညနေပိုင်းလောက်မှာတော့ ဗဟိုချက်က ဖြတ်ပါ လိမ့်မယ်။
အဲဒီအချိန်မျာတော့ လေဟာအပြင်းဆုံးဖြစ်လာပြီး တစ်နာရီ မိုင်(၆၀)နှုန်းလောက် တိုက်နိုင်တယ်လို့ တွက်ချက်ရရှိထားပါတယ်။
မနက်ဖန်ညနေဆိုရင်..ဒီပွဲ အဖြေပေါ်ပါပြီ။
ဒေါက်တာထွန်းလွင် (MCCW)

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်