၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအထိ ခြောက်လအတွင်း ရထားဖြင့် တိုက်မိ/ကြိတ်မိသဖြင့် သေဆုံးသည့် အရေအတွက်မှာ ၆၀ ဦးထိရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ရထားရဲ တပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ခြောက်လတာ ကာလအတွင်း ရထားဖြင့် တိုက်မိကြိတ်မိ သဖြင့် သေဆုံးသူဦးရေ ၆၀ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၅ ဦးရှိပြီး ရထားသံလမ်းပေါ်တွင် ထိုင်ခြင်း/အိပ်ခြင်းကြောင့် ဖြစ်ပွားရသည့် အရေအတွက်မှာ ၂၆ ကြိမ်တွင် သေဆုံးသူ ၂၃ ဦးထိရှိပြီး ရထားသံ လမ်းပေါ်တွင် ကျောပေးလမ်းလျှောက်ခြင်းကြောင့် သေဆုံးရသည့် အရေအတွက်မှာ ၁၃ ကြိမ်တွင် ၁၀ ဦးရှိကြောင်းနှင့် သံလမ်းဖြတ် ကူးခြင်းကြောင့် ရထားဖြင့် တိုက်မိ/ကြိတ်မိပြီး သေဆုံးသူဦးရေမှာ
၂၂ ကြိမ် တွင် ၁၈ ဦးရှိကြောင်းလည်း သိရသည်။

ရထားနှင့် တိုက်/ကြိတ်မိသဖြင့် လူသေဆုံးမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရထားရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးလှမိုးက "ဒီလိုဖြစ် စဉ်တွေ လျော့ကျဖို့အတွက် ပညာပေး လက်ကမ်းစာစောင်တွေ ကိုကား ဂိတ်တွေနဲ့ ရထားဘူတာတွေမှာ ဖြန့်ဝေသွားဖို့ စီစဉ်နေပါတယ်" ဟု ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက ပြောကြားချက်အရ သိရသည်။
အခြားသေဆုံးရသည့် ဖြစ်စဉ်များမှာ ရထားပေါ်မှ အိပ်ငိုက်ပြုတ် ကျခြင်းကြောင့် သေဆုံးသူ နှစ်ဦး၊ ရထားပေါ် ခုန်တက်/ခုန် ဆင်းခြင်းကြောင့် သေဆုံးသူ လေးဦး၊ ခေါင်မိုးပေါ်တွင် စီးနင်းလိုက်
ပါလာစဉ် တံတားဘောင်ဖြင့် တိုက်မိသဖြင့် သေဆုံးသူနှစ်ဦး၊ ခေါင်
မိုးပေါ် စီးပြီးခုန်ချသဖြင့် သေဆုံးသူ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
Eleven Media Group

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်