သြဂုတ်လ၁၅ရက်နေ့က မွေးဖွားတဲ့ ရင်းချင်းဆက်အမွှာညီအမကွယ်လွန်

ရန်ကင်းကလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူဖို့အတွက် ရောက်ရှိနေတဲ့ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်၊ သီတာကုန်းမြင့် တိုက်နယ်ဆေးရုံ မှာ သြဂုတ်လ ၁၅ ရက်နေ့က မွေးဖွါးခဲ့တဲ့ ရင်ချင်းဆက်မိန်းကလေး အမွှာဟာ သြဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဆုံးပါးသွားပြီး။ အဲ့သည့်နေ့မှာပဲ သဂြိုဟ်လိုက်တယ်လို့ ဧရာဝတီဖေါင်ဒေးရှင်းက တာဝန်ရှိသူထံမှ သိရပါတယ်။ ဧရာဝတီဖောင်ဒေးရှင်းရဲ့ ထောက်ပံ့မှုနဲ့ဆေးကုသမှုခံယူဖို့အတွက် သြဂုတ်လ ၁၆ ရက်နေ့က ရန်ကင်းကလေးဆေးရုံကြီးကို ရောက်ရှိ လာတာဖြစ်ပါတယ်။ အဲ့သည့်ရင်ချင်းဆက် အမွှာညီအမမှာ မွေးရာပါနှလုံးတစ်ခု သာပါရှိပြီး မွေးရာပါကိုယ်တွင်းအင်္ဂါကလည်း အားနည်းနေတယ်လို့ သိရတယ်။

Author ဟေမာန်ညီညီ
Posted From The Modern News Journal

0 မှတ်ချက်များ: