မဟာမုနိဘုရားကြီးရွှေသင်္ကန်းကပ်လှူရာနေရာသို့ မိန်းမလျာများတက်ရောက်ခွင့်မပြုတော့

မဟာမုနိဘုရားကြီးရွှေသင်္ကန်းကပ်လှူခွင့်အတွက် အမျိုးသားများကိုသာတက်ရောက်ခွင့်ပြုသော်လည်း မိန်းမလျာများမှာ အမျိုးသမီးအ၀တ်အစားများကို ၀တ်ဆင်ကာ တက်ရောက်မှုများ ရှိနေသည့်အတွက် မလိုလားအပ်သော ပြဿနာများမဖြစ်ပေါ်စေရန် တက်ရောက်ခွင့်ကိုပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု မဟာမုနိဘုရားဂေါပကအဖွဲ့မှသိရသည်။

`ဘုရားကို ရွှေသင်္ကန်းကပ်လှူပူဇော်တာမှာ ယောက်ျားတွေကိုပဲတက်ရောက်ခွင့်ပြုတာဖြစ်ပေမယ့်၊ယောက်ျား ဖြစ်ပေမယ့် မိန်းမလျာဖြစ်နေတဲ့သူတွေကမိန်းမအ၀တ်အစားဝ တ်ဆင်တာတို့၊ မိတ်ကပ်လိမ်းချယ်ပြီး ကပ်လှူတာတို့ကြောင့်အရင်နှစ်က ပြဿနာဖြစ်ခဲ့ဖူး ပါတယ်၊ ဒါကြောင့်အခုတောင်ပြုန်းပွဲတော်ကာလမှစပြီးတက်ရောက်ခွင့်ပြု တော့မှာမဟုတ်ပါဘူး´ဟုမဟာမုနိဂေါပကအဖွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဘုရားဖူးပြည်သူများကမိန်းမလျာများကိ မိန်းမအသွင်မြင်ကာ ဂေါပကအဖွဲ့အား အထင်အမြင်သေးနိုင်ခြင်း၊တိကျသေချာသော စည်းကမ်းချက်များထုတ်ပြန်ထားရှိလိုခြင်းနှင့် ဘုရားဖူးပြည်သူများ စိတ်အနှောင့်အယှက် မဖြစ်ပေါ်စေရေးရည်ရွယ်ကာ ယခုကဲ့သို့လုပ်ေ ဆာင်ခြင်းဖြစ်သည်ဟုသိရသည်။

ရွှေသင်္ကန်းကပ်လှူခြင်းပြုလုပ်ရာ အ၀င်လမ်းတွင် ဘုရားကြီးလုံခြုံရေးများကို ချထားဆောင်ရွက်ကာ မိန်းမလျာ များကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊လုံခြုံရေးပိုင်းဆိုင်ရာများကိုလည်း ဂရုပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် CCTVများကိုလည်းတပ်ဆင်ထားရှိကာ လိုအပ်သလိုထိန်းသိမ်းဆောင်ရွက်နိုင်ရေး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

`ဘုရားကြီးအတွင်းလိုအပ်တဲ့စည်းကမ်းချက်တွေကို ဆောင်ရွက်နိုင်အောင်၊ပြဿနာတွေ ဖြေရှင်းနိုင်အောင်လုံခြုံရေးအတွက်လုံခြုံရေးအင်အား ၆၀ကျော်ခန့်အပ်ထားရှိပြီးဆောင်ရွက်နေပါတယ်၊ ဒါ့အပြင်စီစီတီဗွီကင်မရာ ဆယ်လုံးနဲ့လည်း စောင့်ကြည့်မှုတွေပြုလုပ်နေပါတယ်´ဟု ဘုရားလုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင်ဘုရားကြီးပရ၀ဏ်အတွင်းခိုးဆိုးနှိုက်များကိုလည်းနေ့စဉ် ဘုရားကြီးလုံခြုံရေးအဖွဲ့နှင့် နယ်မြေ အလိုက် တာဝန်ကျရဲများဖြင့် အရေးယူမှုများပြုလုပ်လျက်ရှိပြီး ဘုရားကြီးဝန်းကျ င်တွင်ကော်ရှူမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ကော်ရှူသူများကိုလည်းအရေးယူဆောင်ရွက်ခဲ့ရာ ယခုအခါတွင်ကော်ရှူသူ၁၁ဦးအထိဖမ်းဆီးကာ သက်ဆိုင်ရာရဲဌာနသို့အပ်နှံဆောင်ရွက် ခဲ့ပြီးဖြစ်သည်ဟုသိရသည်။

“ခွဲခြားလိုစိတ်မရှိပေမယ့် ဒီလိုမျိုး အမျိုးသမီးအ၀တ်အစားဝတ်တက် တယ်ဆိုရင်တော့ တားမြစ်သင့်ပါတယ်”ဟု ချမ်းအေးသာစံမြို့နယ်နေ ကိုနန္ဒကပြောသည်။

myitmakhamediagroup

0 မှတ်ချက်များ: