ရန်ကုန်မြို့ပတ် ရထားများ အရှိန်နှုန်းမြှင့် မောင်းနှင်နိုင်ရန် ရန်ကုန်ရထား လမ်း ပိုင်းကို ရာနှုန်းပြည့် ပြင်ဆင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား ၀န်ကြီးဌာန၊ အင်ဂျင်နီယာ ဌာနမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးမောင်မောင်သန်းက ပြောကြားသည်။
ရန်ကုန်မြို့ပတ် ရထားမှာ ယခင်ကထက် အသုံးပြုမှုနှုန်း များပြားလာသည့်အတွက် ရထားများ၏ အရှိန်နှုန်း မြှင့်တင်မှုများနှင့် ၀န်ဆောင်မှု အပိုင်းများ မြှင့်တင်ခြင်းတို့ ပြုလုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

ဦးမောင်မောင်သန်းက "အရှိန်မြှင့်တင်ဖို့ကို အခုစလုပ်နေပြီ လို့တောင် ပြောလို့ရတယ်။ အဓိကတော့ ရန်ကုန်မြို့ပတ် ရထားလမ်းစနစ်ကို သေသေချာချာနဲ့ အကောင်း ဆုံးဖြစ်အောင် ပြုပြင်တာပါပဲ" ဟု ပြောကြားသည်။
ယင်းသို့ ပြုလုပ်ရာတွင် ဂျပန်နိုင်ငံနှင့် ၂၀၁၃ မတိုင်မီ ကတည်းက သဘောတူညီထားချက်အရ ရန်ကုန်မြို့ပတ် ရထားလမ်း၏ စနစ်များကို အဓိကထား ပြုလုပ်ရန် ပါရှိခဲ့သည့်အပြင် အနာဂတ် စီမံကိန်းများအရ ဖြတ်လမ်းကျယ်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် လက်ရှိရန်ကုန်မြို့ပတ်လမ်း ဒီဇိုင်းကို အခြေပြုကာ ပြုပြင်ရေးဆွဲ တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား ၀န်ကြီးဌာနမှ သိရသည်။
၎င်းအပြင် ရန်ကုန်မြို့ပတ် ရထားလမ်း စီမံကိန်းအပြင် ဂျပန်နိုင်ငံ၏ Main Plan အရ သီလ၀ါ ဆိပ်ကမ်းအထိ ဖောက်လုပ်မည်ဟု ပါရှိကြောင်း မီးရထား ၀န်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဦးဝင်းနောင်က ပြောကြားသည်။
ရန်ကုန်မြို့ပတ် ရထားလမ်းနှင့် နောင်လာမည့် ရထားလမ်း စီမံကိန်းများတွင် ဂျပန်နိုင်ငံမှ အတိုးနှုန်း သက်သာသော ချေးငွေများကိုလည်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ပြေးဆွဲနေသော မြို့ပတ်ရထားလိုင်းပေါင်း ၂၁ လိုင်းရှိပြီး ငါးမိနစ်လျှင် တစ်ကြိမ်ထွက်ရှိနေပြီး တစ်နေ့လျှင် ခေါက်ရေ ၂၀၀ တွင် လူဦးရေ တစ်သိန်းကျော်မှာ အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
eleven media group

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်