မဲဆောက် အမှိုက်ပုံရှိ ရွှေ့ပြောင်း မြန်မာများကို မိတ်ဆွေကောင်း စာကြည့်တိုက်က ဆန်လှူဒါန်း

ထိုင်း နိုင်ငံ မဲဆောက်မြို့ အမှိုက်ပုံ ရှိ ရွှေ့ပြောင်းမြန်မာနိုင်ငံသားများ အတွက် စားစရာဆန်ထုပ်များ မိတ်ဆွေကောင်းစာကြည့်တိုက် မှ စက်တင်ဘာ ၁၆ရက်တွင် လှူ ဒါန်းခဲ့ကြောင်း သိရသည်။ ''ဦးဇင်းက တော့ လစဉ်ပုံမှန် တတ်နိုင်သမျှ ကြိုးစားပြီး စားစရာ ဆန်၊ မုန့်နဲ့ အဝတ်အစားတွေ သွားလှူလေ့ရှိပါတယ်။ သူတို့က တစ်နေ့အမှိုက်ကောက်မှ တစ်နေ့ စားရတာဆိုတော့ တစ်ခါတလေ အမှိုက်ကောက်လို့သိပ်မကောင်း တဲ့အခါ စားစရာမရှိ ဘူးဖြစ် နေ ကြတယ်''ဟု သွားရောက်လှူဒါန်း သူ မိတ်ဆွေကောင်းစာကြည့် တိုက်မှ ဆရာတော်မင်းသုည(ဗုဒ္ဓ တက္ကသိုလ်)မှ ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။

အဆိုပါအမှိုက်ပုံတွင် ရွှေ့ ပြောင်းမြန်မာနိုင်ငံသားမိသားစု ၁ဝဝကျော် ခန့် တဲများ ထိုးကာ နေထိုင်နေကြပြီး နေ့စဉ် အမှိုက် ကောက်ကာ ဝမ်းရေးအတွက်ဖြေ ရှင်းကြခြင်းဖြစ်သည်။ ''အခုလိုလာလှူတော့ အစ် မတို့လဲ ဝမ်းသာတာပေါ့။ တစ်နေ့ နဲ့တစ်နေ့ အလျဉ် မီအောင်မနည်း ရှာရတာဆိုတော့မလွယ်ဘူးလေ။ ဆရာတော်အမြဲလာလှူတဲ့ မုန့် တွေကျတော့ ကလေးတွေလဲစား ရတာပေါ့။ အစ်မတို့လဲစားရတာ ပေါ့။ ဆန်တွေ လှူတော့ လဲ တန်း စီပြီးယူကြတယ်။ ဝဝလင်လင်စား ကြရတာ ပေါ့''ဟု မဲဆောက်မြို့ အမှိုက်ပုံတွင်နေထိုင်သူ ဒုက္ခ သည်တစ်ဦးက ပြောသည်။

''ဒီနေရာက အနံ့ အသက် သိပ်ဆိုးတယ်။ သူတို့အတွက် ကျန်းမာရေးဆိုးကျိုးအများကြီး ရှိတယ်။ သူတို့ကလဲ မြန်မာနိုင်ငံ က အလုပ်ပေးနိုင်ရင် ဒီလိုဆိုးရွား တဲ့နေရာမျိုးမှာ မနေဘူးတဲ့။ ဒီ နေ့ရရင် ဒီနေ့ပြန်မယ်လို့ပြောကြ တယ်''ဟု ဆရာတော် မှ ဆက်လက် မိန့်ကြားသည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အမှိုက်ပုံကြီးတွင် နေထိုင်သူတချို့ မှာ အနှစ်၂ဝခန့်ရှိပြီး တချို့မှာ ငါးနှစ်ခန့် ရှိပြီဖြစ်သည်။

နေနေ

Photo: စက်တင်ဘာ ၁၆ ရက်က မဲဆောက်အမှိုက်ပုံရှိ ရွှေ့ပြောင်းမြန်မာ လုပ်သားများအား မိတ်ဆွေကောင်းစာကြည့်တိုက်မှ ဆရာတော်မင်းသုည(ဗုဒ္ဓ တက္ကသိုလ်)မှ ဆန်ထုပ်များ လှူဒါန်းနေစဉ်။ (ဓာတ်ပုံ - နေနေ)

From: Yangon Media Group

0 မှတ်ချက်များ: