တောင်ငူမြို့၊ ကန်လမ်း၊ ရပ်ကွက်(၁၇)၊ အိမ်နံပါတ်(၂)၊ ချမ်းမြေ့ဧည်ရိပ်သာ၊ အခန်းနံပါတ် ၆ တွင် အောက်တိုဘာ ၁၁ ရက်နေ့ ည ၈း၅၀ နာရီတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသား(၁)ဦးနေရာ တွင် သေဆုံးပြီး၊ အမျိုးသမီး(၂)ဦးမှာ ဆေးရုံတွင် ဆေးကုမှု ခံယူလျှက်ရှိသည်။
ကိုနေမျိုးကျော်၊ (ဘ)ဦးကျော်လွင်၊ အသက်(၂၉)နှစ်၊ ငှက်ပျောတောရွာ၊ လယ်ဝေးမြို့နေသူသည် အခင်းဖြစ်သည့် နေရာတွင် သေဆုံးပြီး၊

ညောင်လေးပင်မြို့၊ မြို့မ(၇)တွင်နေကြသည့် မယုခိုင်(ဘ) ဦးသိန်းဝင်း၊ အသက်( ၂၄ နှစ်)၊ မှာဒဏ်ရာများစွာရရှိခဲ့ပြီး၊
မငြိမ်းသီတာ(ဘ)ဦးခင်မောင်ညိမ်း၊ အသက်(၂၇)နှစ် ဒဏ်ရာအနည်းငယ်ရရှိပြီး တောင်ငူပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိသည်ကိုတွေ့ရသည်။
ပိုက်ဆံအိတ်အသေးကို ဖွင့်လိုက်သည့်အချိန်တွင် ပေါက်ကွဲသည်ဖြစ်ကြောင်း မယုခိုင်မှပြောသည်။
မယုမွန်ကပြောပါတယ် ဖုန်းနံပါတ် ၀၉၄၂၈၁၆...... ရွတ်ပြပြီး သူ့အမေ ဒေါ်ကျင်မြ ညောင်လေးပင်မြို့ဆီဖုန်းဆက်ပေးပါဆိုလို့ ဆက်ပါတယ်။ သူ့ဆန္ဒမပြည့်ခဲ့ဘူး အဲဒီဖုန်းက စက်ပိတ်ထားလို့ ခေါ်မရဖြစ်ခဲ့ပါတယ်။
Posted From တောင်ငူသတင်းပုံရိပ်များ

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်