မြန်မာနိုင်ငံသားအများအပြား အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံ ဖူးခက်မြို့က Super Cheap ကုန်တိုက်ကြီး မနေ့ည ၉ နာရီခွဲကျော်က စပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။
ဖန်ငခရိုင် မြန်မာအလုပ်သမားများအတွက် အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာနရဲ့ ကျန်းမာရေးတာဝန်ခံ ဦးအောင်ကျော်ကို ညနေ ၆ နာရီ မေးမြန်းချက်အရ မြန်မာအလုပ်သမားတွေ သေဆုံး ဒဏ်ရာရရှိမှု အခြေအနေကို မသိရသေးဘူးလို့ ပြောပါတယ်။ ထိုင်းနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူတဦးက ကုန်တိုက်မှာ မြန်မာအလုပ်သမားတွေအပါအ၀င် ၀န်ထမ်းစုစုပေါင်း ၁၀၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။ မီးလောင်မှုကြောင့် ပျောက်ဆုံးမှု ရှိပါက လာရောက် စာရင်းပေးသွင်းဖို့ ကြေညာထားပေမယ့် အခုထိ လူပျောက် လာရောက်တိုင်ကြားသူ မရှိသေးဘူးလို့ပြောပါတယ်။
မီးငြိမ်းသွားပြီဖြစ်ပြီး ရရှိထားတဲ့ စာရင်းအရ သေဆုံးသူ မရှိဘဲ ဒဏ်ရာရသူ အနည်းငယ်သာ ရှိတယ်လို့ ဆိုပါတယ်။
Photo by http://www.skynews.com.au/

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်