မယ်စကြာ ၀ဠာ မိုးစက်ဝိုင် နှင့် ပတ်သက် ပြီး ဂျာနယ် တစ်ခု မှ ဖော်ပြချက်
မယ်စကြာဝဠာပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု ရွေးချယ်ခံရတဲ့ တရုတ်အမျိုးသမီး မိုးစက်ဝိုင် နဲ့ ပတ်သက်ပြီး သတင်းဖော်ပြမှုကို မကျေမချမ်းဖြစ်ကာ အငြိမ်းစားစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင်နှင့် စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်၏ သား အပါအ၀င် လူငယ်တစ်စုသည် အောက်တိုဘာလ ၁၉ ရက် သီတင်းကျွတ် လပြည့် နေ့ နံနက်အစောပိုင်းအချိန်တွင် ရန်ကုန်မြို့  ကမ္ဘာအေးဘုရားလမ်းရှိ သူရိယအလင်း ဂျာနယ်တိုက်ကို ၀င်ရောက်စီးနင်းပြီး ကွန်ပျုတာ ၁၂ လုံး နှင့် အခြား အီလက်ထရောနစ် ပစ္စည်းအချို့ ကို သိမ်းဆည်းသွားသည်ဟု သတင်းရရှိသည်။

သတင်းစာတိုက်ရှိ လှို့ ဝှက်ရုပ်သံဖမ်းကိရိယာ CCTV ကိုလည်း စောင် ၊ စက္ကူ တို့ ဖြင့်အုပ်ပြီး စနစ်တကျလုပ်သွားသည် ဟု ဂျာနယ်တိုက်နှင့် နီးစပ်သူတစ်ဦး မှ FNG ကို အတည် ပြုပြောသည်။
ဝင်ရောက်စီနင်းခံရသည့် သူရိယအလင်း သတင်းစာတိုက်သည် မယ်စကြာဝဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် မိုးစက်ဝိုင် နှင့်ပတ်သက်ပြီး စုံစမ်းရေးသားမှုများကြောင့် နေရွှေသွေးအောင်၏ အညှိုးထားခြင်းကို ခံရသည်ဟု FNG မှ သိရသည်။
မယ်စကြာဝဠာပြိုင်ပွဲဝင် မိုးစက်ဝိုင် နှင့် နေရွှေသွေးအောင်တို့ မှာ ရင်းနှီးမှုထက်ပိုသည့်ဆက်ဆံရေးကြောင့် သတင်းစာတိုက်မှာ ၀င်ရောက် စီးနင်းလုယက်ခံရခြင်းဟု ရန်ကုန်သတင်း မီဒီယာအသိုင်း အ၀ိုင်းက သုံးသပ်ကြသည်။
နေရွှေသွေးအောင်သည် တက္ကသိုလ်များဘောလုံးအဖွဲ့ ချုပ် ချံပီယံလိဂ်ဖလားအတွက် ဦးဆောင်ဦးရွက်မှုပြုသည်ဟုဆိုကာ သတင်းမီဒီယာများတွင် အောက်တိုဘာလဆန်းမှစ၍ တကျော့ပြန် ပေါ်လာခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် နေရွှေသွေးအောင်၏ အဖိုးဖြစ်သူ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည် ယနေ့ ညတွင် နေပြည်တော်ရှိ ၎င်း၏ နေအိမ်ဉ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီဝင်များ၏ ကန်တော့မှုကို ခံယူမည်ဖြစ်သည်။
http://freedomnewsgroup.com/2013/10/19/nsta-mob/

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်