ကုန်သည်ကြီးများ ဟိုတယ်၏ ညသန်းခေါင်ကျော် ပေါကိကွဲမူဖြစ်စဉ် တွင် အဓိက တရားခံကို ဖော်ထုတ်ရရှိထား ကြောင်းသက်ဆိုင်ရာမှသိရသည်။
အဆိုပါပုဂ္ဂိုလ်မှာ ပေါက်ကွဲမူမဖြစိပွားမှီ နောက်ဆုံးတည်းခိုခဲ့သူဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် အမျိုးသား ဖြစ်ကြောင်း မှတ်ပုံတင်နံပါတ် ၃ /ဖမန (နိုင်) ၀၂၂၅၇၆ ဖြစ်ကာ အမည်မှာ စောမြင့်လွင် (ဘ) ဦးကိုညွန့် ဖြစ်ကြောင်း သက်ဆိုင်ရာမှ လတ်တလော စုံစမ်းချက်များအရသိရသည်

"သူက ဖောက်ခွဲ ရေးပစ္စည်းတွေ ထားပြီး Taxi ကို ခုနှစ်သောင်းပေးပြီး လစ်တာ Taxi ပေါ်မှာ သူမှတ်ပုံတင်ကျန်နေခဲ့တယ်" ဟု တာဝန်ရှိသူ အရာရှိတစ်ဦးက ဆိုသည်။
အဆိုပါ သံသယရှိသူ အနေဖြင့် သာကေတ နှင့် အလုံမြို့နယ်တို့ တွင်တွေ့ရှိသည့် ဖောက်ခွဲ ရေးပစ္စည်းများနှင့်လည်းဆက်ဆပ်နေနိုင်ကြောင်း ရန်ကုန်မြို့ လုံခြုရေးတာဝန်ယူထားသူ တပ်မတော် အရာရှိ တစ်ဦးက သုံးသပ်ပြောကြားသည်။
လက်ရှိ အချိန်တွင် အခင်းဖြစ်ပွားရာ ကုန်သည်ကြီးများဟိုတယ်၏ အလွာ ၉ တစ်ထပ်လုံးပြောင်းရွေ့ထားကြောင်း ဒဏ်ရာရရှိသူ အမေရိကန် အမျိုးသမီး၏ ကလေးနှစ်ဦးကို အခန်းပြောင်းရွေ့ကာ စောင့်ရှောက်ထားကြောင်း ဟိုတယ်လုံခြုံရေးတာဝန်ရှိသူတစ်ဦးထံမှသိရသည်။
အဆိုပါ အမေရိကန်ဇနီးမောင်နှံ၏ လက်ရှိကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်များမှာ pp 488927770 နှင့် pp 488932812 ဖြစ်ကာ ယမန်နေ့ နေ့လည် ၁ နာရီ တွင် ယင်းဟိုတယ်တွင် စတင်တည်းခိုခြင်းဖြစ်ကြောင်း ဟိုတယ်စာရင်းများအရ သိရသည်။
Posted From People power

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်