ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆင်းရဲနွမ်းပါးသော သက်ကြီးရွယ်အို အဘိုး၊ အဘွားများအတွက် နေ့ပိုင်းဂေဟာများ ဖွင့်လှစ်ပေးရန် အဆိုကို ယနေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးသို့ ဗဟန်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက တင်သွင်းရာ ကန့်ကွက်သူ များသဖြင့် အဆိုရှုံးနိမ်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆင်းရဲနွမ်းပါးသော သက်ကြီး ရွယ်အိုများအတွက် ပြုစုစောင့်ရှောက်ရန် သက်ကြီး ဘိုးဘွားများ၏
နေ့ပိုင်း ဂေဟာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ယူ ဖွင့်လှစ်သင့်ကြောင်း ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ဒေါက်တာညိုညိုသင်းက တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကိစ္စသည် တိုင်းဒေသကြီး အစိုးရအနေနှင့် လုပ်ဆောင်ရာ၌ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် အခက်အခဲများ ရှိသောကြောင့် ပြည်ထောင်စုအဆင့် လွှတ်တော်နှင့် အစိုးရတို့ထံ တင်ပြရန် လိုကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ကြီးရွယ်အို ဦးရေ တစ်နေ့တခြား များပြားလာ၍ အစိုးရအနေနှင့် တာဝန်ယူ စောင့်ရှောက် သင့်ကြောင်း ယင်းအဆိုကို တင်သွင်းစဉ် ဒေါက်တာညိုညိုသင်းက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် သက်ကြီးရွယ်အို အဘိုး၊ အဘွားများ စောင့်ရှောက်ရန်အတွက် နေ့ပိုင်းဂေဟာ တစ်ခုကို ကမ္ဘာအေး ဘုရားလမ်းပေါ်၌ နိုဝင်ဘာလ အတွင်းက စတင်ဖွင့်လှစ်ထားကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
The Voice Weekly

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်