ငြိမ်း​ချမ်း​ရေး​ခ​ရီး​ရှည် ​လမ်း​လျှောက်​သူ​များ ​ထောင်​ဒဏ် ​ချ​မှတ်​ခံ​ရ

ပြီး​ခဲ့​တဲ့ ​ဇန်​န၀ါ​ရီ​လ​က ​မြန်​မာ​နိုင်​ငံ​မှာ ​ပြည်​တွင်း​စစ်​ရပ်​စဲ​ရေး​နဲ့ ​ငြိမ်း​ချမ်း​ရေး ​ရ​ရှိ​ဖို့​အ​တွက် ​ရည်​ရွယ်​ပြီး ​ရန်​ကုန်​မြို့​က​နေ ​က​ချင်​ပြည်​နယ် ​လိုင်​ဇာ​အ​ထိ ​ခ​ရီး​ရှည်​လမ်း​လျှောက်​တဲ့​သူ​တွေ​ကို ​ထောင်​ဒဏ် ​စီ​ရင်​ချက်​တွေ ​ချ​မှတ်​လိုက်​ပါ​တယ်။

က​ချင်​ဒေ​သ ​တစ်​ကျော့​ပြန်​စစ် ​နှစ်​နှစ်​ပြည့် ​ငြိမ်း​ချမ်း​ရေး​ခေါ်​သံအ​စီ​အ​စ​ဉ် ​ပိတ်​ပင်​တား​ဆီး​ခံ​ရ​စ​ဉ် (Photo – Maran Jawgun FB)

က​ချင်​ပြည်​နယ်​ထိ ​ငြိမ်း​ချမ်း​ရေး ​ခ​ရီး​ရှည် ​လမ်း​လျောက်​ရာ​မှာ ​ခေါင်း​ဆောင်​ပါဝင်​ခဲ့ ​တဲ့ ​ကို​ရန်​နိုင်​ထွန်း​၊ ​ကို​အောင်​မင်း ​နိုင်​တို့​ကို ​ရန်​ကုန်​တိုင်း​အ​တွင်း​က ​မြို့​နယ် ၇​ခု​က ​ပုဒ်​မ ၁၈ ​ငြိမ်း​ချမ်း​စွာ ​စုဝေး​ခွင့်​နဲ့ ​စီ​တန်း ​လှည့် ​လည်​တာ​ကို ​စွဲ​ဆို​ထား​တဲ့ ​အ​မှု​အ​တွက် ​မြို့​နယ် ​တ​မြို့​နယ်​ကို ​ငွေ​ဒဏ် ​တ​သောင်း​ကျပ် ​ပေး​ဆောင်​ဖို့ ​လှိုင်​မြို့​နယ် ​တ​ရား​ရုံး​က ​ဒီ​ဇင်​ဘာ ၅ ​ရက်​နေ့​မှာ ​ပြစ်​ဒဏ်​ချ​မှတ်​ခဲ့​တာ​ဖြစ်​ပါ​တယ်။

ဒါ​ပေ​မယ့်​ ​ငြိမ်း​ချမ်း​ရေး​လှုပ်​ရှား​သူ​တွေ​က ​အ​ပြစ်​မ​ရှိ​ဘူး​လို့ ​ယူ​ဆ​ပြီး ​ငွေ​ဒဏ်​ကို ​ငြင်း​ပယ်​ခဲ့​တဲ့​အ​တွက် ​ထောင်​ဒဏ် ၇ ​လ ​ချ​မှတ်​တာ ​ဖြစ်​တယ်​လို့ ​လိုင်​ဇာ​ကို ​လမ်း​လျှောက်​ရာ​မှာ ​ပါဝင်​ခဲ့​သူ ​တ​ဦး​ဖြစ်​တဲ့ ​ကို​ဇင်​ကို​ကို​က ​ပြော​ပါ​တယ်။

“​ဘာ​တွေ ​ဦး​စား​ပေး​ပြော​ချင်​လဲ​ဆို​တော့ ​လက်​ရှိ ​ကျ​နော်​တို့ ​အ​မှု​တွေ ​စီ​ရင်​ချက်​ချ ​အ​မှု​စစ်​တဲ့​အ​ခါ​မှာ ​တ​ရား​စီ​ရင်​ရေး​နဲ့ ​အုပ်​ချုပ်​ရေး​က ​ကွဲ​ပြား​မှု​မ​ရှိ​ဘူး​ဆို​တာ ​သွား​တွေ့​ရ​တယ်။ ​ကျ​နော်​တို့​အ​မှု​ကို ​ဒီ​နေ့​လို ​အ​မိန့်​ချ​တဲ့​အ​ချိန်​မှာ ​အ​ထက်​က ​ဖိ​အား​ပေး​တယ်​ဆို​တဲ့ ​က​ဏ္ဍ​တွေ ​သွား​တွေ​ရ​တယ်။ ​အုပ်​ချုပ်​ရေး​ရဲ့ ​အောက်​မှာ ​တ​ရား​စီ​ရင်​ရေး ​ရှိ​နေ​တယ်​ဆို​တာ ​သွား​တွေ့​ရ​တယ်။”

အ​ခု​နှစ်​ဆန်း​ပိုင်း​က ​က​ချင်​လက်​နက်​ကိုင်​တွေ​နဲ့ ​အ​စိုး​ရ​တပ်​တွေ​အ​ကြား ​တိုက်​ပွဲ​တွေ ​ပြင်း​ထန် ​ဖြစ်​ပွား​နေ​ချိန်​မှာ ​ပြည်​တွင်း​စစ်​ရပ်​စဲ​ရေး​အ​တွက် ​ရည်​ရွယ်​ပြီး​ ​ရန်​ကုန်​က​နေ ​က​ချင်​ပြည်​နယ်​ထိ ​မိုင်​ပေါင်း ၁ ​ထောင်​ကျော်​ခ​ရီး​ကို ၅၆ ​ရက်​ကြာ ​လမ်း​လျှောက်​ဆ​န္ဒ​ထုတ်​ဖော်​ခဲ့​ကြ​တာ​ပါ။

ခ​ရီး​လမ်း​တ​လျှောက် ​မြို့​နယ် ​ရာ​နဲ့​ချီ ​ဖြတ်​သန်း​ခဲ့​ရာ​မှာ ​ခု ​ရန်​ကုန်​တိုင်း ​အ​တွင်း ​မြို့​နယ်​တွေ​ဖြစ်​တဲ့ ​ကျောက်​တံ​တား​၊ ​ပန်​ဘဲ​တန်း​၊ ​လ​သာ၊ ​လမ်း​မ​တော်၊ ​ကြည့်​မြင်​တိုင်၊ ​က​မာ​ရွတ်၊ ​လှိုင်​မြို့​နယ်​တို့​က ​ပ​ထ​မ​ဆုံး ​တ​ရား​စွဲ​ဆို​ပစ်​ဒဏ်​တွေ ​စီ​ရင်​ခဲ့​တာ​လည်း ​ဖြစ်​ပါ​တယ်။ ​လာ​မယ့် ​ဒီ​ဇင်​ဘာ​လ ၁၁ ၇က်​နေ့​မှာ ​အ​လုံ​မြို​နယ် ​တ​ရား​ရုံး​က ​ထပ်​မံ ​အ​မိန့်​ချ​မှတ်​ဖို့ ​ရှိ​နေ​ပါ​သေး​တယ်။

အ​လား​တူ ​ဒီ​ဇင်​ဘာ ၄ ​ရက်​နေ့​က​လည်း​ ​လက်​ပံ​တောင်း​တောင် ​နှစ်​ပတ်​လည် ​အ​ထိမ်း ​အ​မှတ်​အ​ဖြစ် ​ဆူး​လေ​ဘု​ရား​က​နေ ​တ​ရုတ်​သံ​ရုံးေ​ရှ့​အ​ထိ ​လမ်း​လျှောက် ​ဆ​န္ဒ​ပြ​ခဲ့​ပြီး​ ​တ​ရုတ် ​နိုင်​ငံ​တော် ​အ​လံ​ကို ​မီး​ရှို့​ခဲ့​မှု​ကြောင့်​ Generation Youth ​အ​ဖွဲ့​က ​ကို​တင်​ထွဋ်​ပိုင်​ကို ​ဒ​ဂုံ​မြို့​နယ် ​ရဲ​စ​ခန်း​က ​နိုင်​ငံ​တော်​ငြိမ်ဝမ်​ပိ​ပြား​ရေး​ကို ​ထိ​ခိုက်​သည့်​ပြစ်​မှု ​ပုဒ်​မ ၅၀၅ (​ခ ​နဲ့ ​တ​ရား​စွဲ​ဆို​ကာ ​အင်း​စိန်​ထောင်​မှာ ​ဖမ်း​ဆီး​ထိန်း​သိမ်း​ထား​ပါ​တယ်။

http://burmese.dvb.no/archives/47730

0 မှတ်ချက်များ: