တရုတ် အစိုးရ သိပ္ပံ နည်းပညာ နဲ့  အမျိုးသား ကာကွယ်ရေး ဆိုင်ရာ ဌာနကြီး ၏ အုပ်ချုပ် မှု ဆိုင်ရာ ကော်မတီ အင်တာနက် စာမျက် နှာ မှာ စနေနေ့  နံနက် အရုဏ် ကျင်းချိန် က ပျောက် ဆုံး သွား တဲ့ မလေးရှား လေကြောင်း ပိုင် ဘိုးရင်း ၇၇၇ လေယာဉ် ကြီး ရဲ့  အပိုင်း အစ သုံးခု ကို တွေ့  ပြီ လို့  ဖော်ပြထား ပါတယ်။
သံသယ ဖြစ် ဖွယ် ရှိ တဲ့ ဒီအစိတ်အပိုင်း သုံး ခု ကို အား ကောင်း တဲ့ မှန် ဘီလူး တွေ နဲ့  ဆွဲ ယူ ကြည့် ရှု ရာ မှာ တော့ ပျံ သန်းမှု ခရီးစဉ် MH370
ကနေ လွင့် ထွက် လာ တဲ့ အပိုင်း အစ တွေ ဖြစ် ဖွယ် ရှိ တယ် လို့  သတင်းထုတ် ပြန် ပါတယ်။
အဲဒီ အပိုင်း အစ တွေ ကို တွေ့  တဲ့ နေရာ က လည်း လေယာဉ် ပျောက်ဆုံး ဒါမှမဟုတ် ပျက် ကျ တယ် လို့  ယူဆရတဲ့ တောင်တရုတ် ပင် လယ် နဲ့  ထိုင်းပင် လယ် ကွေ့  ဆုံတဲ့ နေရာ လတ္တီကျု ၁၀၅.၆၃ အရှေ့  လောင်ဂျီ့ကျု နဲ့  ၆.၇ မြောက် လတ္တီ ကျု အီကွေ တာ အနီးမှာ ဖြစ် ပါတယ်။
အကြီးဆုံး အပိုင်း အစ ကြီး ဟာ ၇၂ ပေ ရှိ ပြီး ၊ အသေးဆုံး က ၅၉ ပေ ရှိ ကာ လေယာဉ် ကြီး ရဲ့  တောင်ပံ ဖြစ် နိုင်တယ် လို့  ဖော် ပြထား ပါတယ်။
ဒီနေ့  ဆိုရင် လေယာဉ် ပျောက်ဆုံး မှု ဟာ ဆဌမ မြောက် နေ့  ရောက် ရှိ သွား ပြီ ဖြစ် ပေမယ့် ဘာတစ်ခု သဲလွန်စ မရရှိ သေးဘူး လို့  မလေးရှား အစိုးရ က ဒီနေ့  မနက် ပိုင်း မှာ သတင်း ထုတ် ပြန် ထား ပါတယ်။
ပျောက်ဆုံး လေယာဉ် နဲ့  ခရီးသည် ၂၃၉ ဦး ကို ရှာ ဖွေ ရာ မှာ နိုင်ငံ ၁၂ နိုင်ငံ က သင်္ဘော ၄၂ စီး ရှာဖွေ ရေး ရေယာဉ် ၃၉ စီး ကို အသုံး ပြု ခဲ့ ပါတယ်။
မလေးရှား အစိုးရ က ဒီသတင်း နဲ့  ပတ်သက် ပြီး သတင်း ထုတ်ပြန်ခြင်း မရှိ သေးပေမယ့် တရုတ် အစိုးရ က ဒီအပိုင်း အစကို တွေ့  ပြီး ငါးရက် ကြာ
မှ သတင်း ထုတ် ပြန်တာ ဖြစ် ပါတယ်။
ပင်လယ် ထဲ မှာ မျော နေ တဲ့ အစိတ်အပိုင်း သုံးခု စလုံးဟာ အဖြူ ရောင်
တွေ ဖြစ် ပါတယ်။
)
FNG

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်