)
ဒီကနေ့ ညနေပိုင်းက ပေကျင်းတွင်ပြုလုပ်သော ပျောက်ဆုံးလေယာဉ်နှင့်ပတ်သက်၍ မလေးရှားအဲလေကြောင်း သတင်းစာရှင်းလင်းပွဲအဖွဲ့ အား ပျောက်ဆုံးခရီးသည် မိသားစုဝင်များမှ ဒေါသထွက်ကာ ရေသန့် ဗူးများဖြင့် ပြစ်ပေါက်ကြပါတယ်။
မလေးရှားလေကြောင်းလိုင်းအနေနဲ့ ပျောက်ဆုံးလေယာဉ်နဲ့ ပတ်သက်ပြီး သတင်းအမှန်ကို ပြောကြားဖို့ လိုကြောင်း တောင်းဆိုကြပါတယ်။
လေယာဉ်ဟာ စတင်ထွက်ခွာပြီး မကြာမှီမှာပဲ နောက်သို့ လှည့်ကာ ရေဒါစက်ကွင်းမှလွတ်အောင် အနိမ့်ပျံပြီး မလေးရှားနဲ့ ထိုင်းနယ်စပ်ဖက်မှာ ဝဲပျံနေခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောဆိုနေကြကြောင်း
တဖန် မလက္ကာကျွန်းဆွယ်သို့ ဆိုက်ကပ်ကြောင်း စစ်တပ်သုံးရေဒါတွင် တွေ့ ရှိရသဖြင့် ရှာဖွေနေကြောင်း
ယခုတဖန် ထိုကျွန်းသို့ လေယာဉ်တစ်စင်းဆိုက်ကပ်သည်မှန်သော်လဲ MH-370 ဟုတ်မဟုတ် မသေချာကြောင်း
ထိုကဲ့သို့ အမျိုးမျိုးပြောဆိုနေမှုအပေါ် ပျောက်ဆုံးခရီးသည်များရဲ့ မိသားစုဝင်များမှာ သည်းခံနိုင်စွမ်းမရှိတော့ပဲ ဒေါသထွက်ကာ ရေသန့် ဗူးများဖြင့် ပြစ်ပေါက်ကြကြောင်း ပေကျင်းမှလာသောသတင်းများအရ သိရပါတယ်။
မလေးရှားအာဏာပိုင်များအနေနဲ့ ပျောက်ဆုံးလေယာဉ်နဲ့ ပတ်သက်ပြီး သိရှိထားသော လှို့ ဝှက်ချက်များကို အမှန်အတိုင်းဖွင့်ပြောရန် ပေကျင်းရှိ မလေးရှားအဲ သတင်းစာရှင်းလင်းပွဲ တာဝန်ရှိသူများကို တောင်းဆိုလိုက်ကြပါတယ်။
http://www.dailymail.co.uk/
ပေကျင်းရှိ မလေးရှားအဲ သတင်းစာရှင်းလင်းရေးအဖွဲ့  ရေသန့် ဗူးဖြင့် ပြစ်ပေါက်ခံရ
Subscribe to:
Post Comments (Atom)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်