အဆက်အသွယ် ပြတ် ပြီး နောက် ဆက် ပျံ နေ တဲ့ လေယာဉ် ကြီး မြန်မာ နိုင်ငံ တောင် ဘက်ပိုင်း ကို ကျော် ဖြတ် ပြီး သမုဒ္ဓရာ ထဲ ကျဖွယ်ရှိ

မလေးရှား လေကြောင်းလိုင်း ရဲ့  ပျံသန်းမှု အမှတ် စဉ် MH 370 ဘိုးရင်းလေယာဉ် ဟာ အိန္ဒိယ သမုဒ္ဓရာ ထဲ ဒါမှ မဟုတ် ဘင်္ဂလား ပင်လယ် အော်ထဲ ပျက် ကျ နိုင်ဖွယ် ရှိ တယ် လို့  အမေရိကန် အစိုးရ ကာကွယ်ရေးဌာန က သတင်း ထုတ် ပြန် လိုက် ပါတယ်။

မလေးရှား စစ်တပ် ရေဒါ နဲ့  အမေရိကန် လေကြောင်း ပျံသန်းမှု ဆိုင်ရာ ဆက်သွယ်ရေး ဂြိုလ် တု တွေ ရဲ့  တွေ့  ရှိ ချက် အရ လေယာဉ် ဟာ ပုံမှန် မဟုတ် တဲ့ လမ်းကြောင်း တစ်ခု ကို နာရီ အတော် ကြာ ပျံ သန်း ခဲ့ တယ် လို့  ဆို ပါတယ်။ ဒေသစံ တော် ချိန် နံနက် ငါး နာရီ ခန့် ထိ ပျံ သန်း ခဲ့ တာ ဖြစ် ပြီး အဲဒီနောက်မှာ တော့ ပျောက်ခြင်း မလှ ပျောက် သွားတာ ဖြစ် ပါတယ်။

လမ်းကြောင်း နှစ် ခု က ပျံ သန်း ဖို့  ရှိ နေ ပြီး ပထမ လမ်းကြောင်း မှာ မြန်မာ နိုင်ငံ တောင်ဘက် စွန်း ပိုင်း ကို ဖြတ် ကျော် ပြီး ဘင်္ဂလား ပင်လယ် အော် ထဲ ကို ပျက် ကျ နိုင်ဖွယ် ရှိတာနဲ့  မလက် ကာ ရေလက်ကြား ဘက် ကို ချိုး ကွေ့  သွား နိုင်တယ် လို့  ပင်တဂွန် က ပြော ပါတယ်။

အရပ် ဘက်သုံး ရေဒါ တွေ က နေ ပျောက် ကွယ် သွား တဲ့ အချိန် နဲ့  လေယာဉ် က သတင်း ပြန် ပို့  နောက် ဆုံး အချိန် ဟာ တူ ညီနေ ပေမယ့် စစ်ဘက် သုံး နဲ့  သူလျှို ဂြိုလ် တု တွေ မှာ တော့ လေယာဉ် ဟာ ဆက် ပြီး ပျံ သန်းနေတာ တွေ့ ရတယ် လို့  အမေရိကန် အစိုးရ က ပြော ပါတယ်။

ဘိုရင်း လေယာဉ် ကြီး ဟာ နောက် ဆုံး အချက် ပို့  မှု ပြီး နောက် မှာ ပေ လေးသောင်း ငါးထောင် အထက် မှာ ဆက် ပျံ နေ တာ ကြောင့် စီးနင်း တိုက်ခိုက် မှု ဒါမှမဟုတ် လေယာဉ် မောင်းနှင်ရေးစက်ခန်း ထဲ ကို ကျုးကျော် မှု တွေ ဖြစ် နိုင်တယ်လို့  လဲ ပင်တဂွန် က ခန့် မှန်းထား ပါတယ်။

အမေရိကန် အစိုးရ ကတော့ အက်ဒမန် နဲ့  နီးကိုးဘား ကျွန်းနား ကို ဒုံးလက်နက် တပ် ဆင် ထား တဲ့ ဖျက် သင်္ဘော တွေ ပါ စေလွှတ် ထား ပါတယ်။

လေယာဉ် ပေါ် မှာ ခရီး သည် ၂၃၉ ဦး လိုက် ပါသွား ပြီး အများ စု က တရုတ် လူမျိုး တွေ ဖြစ် ပါတယ်။

FNG

0 မှတ်ချက်များ: