ဦးခေါင်း နှစ်လုံး ပါတဲ့ ကလေး ငယ် အိန္ဒိယ မိခင် က မွေး

ခန္တာ ကိုယ်က တစ်ခု တည်း မှာ ဦးခေါင်း နှစ်လုံး ပါရှိ တဲ့ မိန်းကလေး ကို အိန္ဒိယ နိုင်ငံ ဟာယန ပြည်နယ် ဆိုနီပါ မြို့  က Cygnus J.K. Hindu ဆေးရုံ မှာ သောကြာနေ့  က မွေးဖွား ခဲ့ ပါတယ်။

ကလေး ကို မမွေး ဖွားခင် က မိခင် အာမီလာ ရှာမ က အာလ်ထရာ ဆောင်း ရိုက်ဖို့  မတတ် နိုင် လို့  ဘယ်လို ကလေး မွေးဖွားမယ် ဆို တဲ့ ပုံ သဏ္ဍာန် ကို မသိ ခဲ့ ဖူးလို့  ဆို ပါတယ်။

ကလေး က အနည်း ငယ် ပိန်ပေမယ့် ကျန်းကျန်းမာမာ နဲ့  မွေးဖွားလာတယ်လို့  ဆရာ ၀န်ကြီး က ပြော ပါတယ်။

မိဘ တွေ က မွေးဖွား ပြီး မှာ ကလေး အတွက် သောက ဖြစ် နေ လို့  နွေးထွေးစောင့်ရှောက် မှု တွေ ပြု လုပ် နေရသလို ထပ်မံ ဆေးကု သဖို့  အတွက် လိုအပ် တဲ့ ငွေ ကြေး ကို လည်း ပြည်နယ် ကျန်းမာရေးဌာန ဆီ တင် ပြ ထားတယ်လို့  ဟိန္ဒူစတန် တိုင်း(မ) သတင်းစာ မှာ ဖော် ပြထား
ပါတယ်။

ဒေသခံ အချို့  ကတော့ လာဘ် ကောင်းမယ့် ကလေး ငယ်လို့  ပြော ပါတယ်။

ွှအရင် က တော့ ဦးခေါင်းနှစ်လုံး ပါတဲ့ ကလေး ငယ် ကို ဘရာဇီး နဲ့  တရုတ် နိုင်ငံ တွေ မှာ မွေးဖွား ခဲ့ ဖူး ပါတယ်။

Photo : Cover Asia Press ၊ FNG

0 မှတ်ချက်များ: