တန်ဖရဲရွာဆိုတဲ့ရွာဟာ မြစ်ဆုံဆည် ရေကာတာစီမံကိန်းကြောင့်
အစိုးရအမိန့်နဲ့ ပြောင်းရွှေ့ခံရတဲ့ ရွာတွေထဲက ရွာတရွာပါ။ ၂၀၁၁ ခုနှစ် မတ်လ
၂၈ ရက်မှာ မဇွပ်ရွာ၊ တန်ဖရဲရွာ၊ ပဒန်(လဖဲ့)ရွာ၊ ဒေါင်ပန်ရွာ၊
အောင်ဂျာယန်ရွာ၊ ဒိန်ဂါဇွပ် (မလိယာန်) ရွာတွေကို အစိုးရအမိန့်နဲ့
ရွှေ့ပြောင်းခဲ့ပါတယ်။ အဲဒီရွာတွေထဲက ပျောက်ဆုံးသွားတော့မယ့် တန်ဖရဲရွာကို
၂၀၁၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့က ရောက်ခဲ့ပါတယ်။ အဲဒီလို မပျောက်ဆုံးသေးခင်မှာ
မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။
တန်ဖရဲရွာဟာ မြစ်ကြီးနားနဲ့ ဆွမ်ပရာဘွမ် သွားတဲ့လမ်း။ ကျိန်ခရန်ရွာနဲ့ ၉
မိုင် ကွာဝေးပြီး အင်စွတ်ရွာနဲ့ ၁၄ မိုင် ကွာဝေးတဲ့နေရာမှာ တည်ရှိပြီး
မေခ၊ မလိခဆုံတဲ့အရပ်၊ မြန်မာပြည်ရဲ့ အဓိက အသက်သွေးကြောကြီးဖြစ်တဲ့
မြစ်မင်းဧရာဝတီအစ မြစ်ဆုံနဲ့ တမိုင်လောက်သာ ကွာဝေးပါတယ်။ တန်ဖရဲ
ရွာသူရွာသားတွေက ခရစ်ယာန်ဘာသာ ကိုးကွယ်ကြတဲ့ ကချင်လူမျိုး အများစုဖြစ်ပြီး
လယ်ယာခြံမြေလုပ်ငန်း၊ တောင်ယာလုပ်ငန်းတွေကို အဓိကထား လုပ်ကိုင်ကြပါ တယ်။
အောင်မြေသာစခန်းကို အစိုးရအမိန့်နဲ့ ပြောင်းရွှေ့ခံရခြင်းကြောင့်
သူတို့ရဲ့လယ်ယာ ခြံမြေလုပ်ငန်း၊ တောင်ယာ လုပ်ငန်းတွေကို အဓိကထား
လုပ်ကိုင်ကြပါတယ်။ အောင်မြေသာ စခန်းကို အစိုးရအမိန့်နဲ့
ပြောင်းရွှေ့ခံရခြင်းကြောင့် သူတို့ရဲ့လယ်ယာခြံမြေလုပ်ငန်း၊
တောင်ယာလုပ်ငန်းတွေ ဆုံးရှုံးခဲ့ရပါတယ်။ တချို့က အောင်မြေသာစခန်းကို
ရွှေ့ပြောင်းသွားကြပေမယ့် တချို့က သံယောဇဉ်ကြီးစွာ တန်ဖရဲရွာကို ပြန်လည်
နေထိုင် လုပ်ကိုင်ရှာဖွေ စားသောက်နေကြပါတယ်။
http://burma.irrawaddy.org/news/photo-essay/2014/06/17/60497.html
တန်ဖရဲရွာ ပျောက်ဆုံးခြင်း
Subscribe to:
Post Comments (Atom)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်