တောထဲတွင် တွေ့သည့် လက်ပစ်ဗုံး အဟောင်းကို ကျောက်ခဲပေါ် ပစ်တင်လိုက်သ ဖြင့် ပေါက်ကွဲ၍ ကလေးငယ် နှစ် ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၅ ရက်ညနေက ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ် ပြည်သူ့ဆေးရုံသို့ လက်ပစ်ဗုံး ဟောင်းပေါက်ကွဲ၍ ဒဏ်ရာရ သည့် ကလေး တစ်ဦးရောက်လာ သဖြင့် လွိုင်လင်မြို့မရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင်များက ဗုံးပေါက်ကွဲ သည့် နေရာသို့ သွားရောက်စစ် ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာ မောက် မယ်မြို့နယ်၊ ကဒူးကြီးရွာနေ အသက်(၁၁) နှစ်အရွယ်ရှိ ယော က်ျားလေးတစ်ဦး၊ တစ်ရွာတည်း နေကြသည့် အသက် (၉) နှစ်အ ရွယ်နှင့် အသက် (၇) နှစ်အရွယ် ရှိ ယောက်ျားလေး သုံးဦးသည် ရွာအရှေ့ဘက် တောထဲသို့ ငှက် ပစ်ထွက်သွားကြသည်။
ထို့နောက် လုံးပတ်သုံးလက် မခွဲခန့်ရှိ သံလုံး တစ်လုံးကို တွေ့ ရှိ၍ ကျောက်ခဲပေါ်သို့ ပစ်တင် ရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ထို့သို့ပေါက်ကွဲမှုကြောင့် အသက် (၉) နှစ်နှင့် (၇) နှစ်အရွယ် ကလေးနှစ်ဦးမှာ အဆိုပါနေရာတွင်ပင် သေဆုံးသွားခဲ့ကြကြောင်း သိရသည်။
အသက် (၁၁) နှစ်အရွယ် ယောက်ျားလေးမှာ ဘယ်ဘက် နားထင်၊ မျက်စိနှင့် ၀မ်းဗိုက်တို့ တွင် ပေါက်ကွဲသည့် ဗုံးမှ ယမ်းစ များ ထိမှန်ခဲ့၍ ဒဏ်ရာများရရှိခဲ့ ကာ ဆေးရုံတင်ထားရကြောင်း လွိုင်ကော်မြို့မရဲစခန်းမှ တာဝန် ရှိသူတစ်ဦးကပြောသည်။
ထို့ကြောင့် လွိုင်လင်မြို့မ ရဲစခန်းမှ သေမှုသေခင်းဖွင့်ကာ စစ်ဆေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
http://www.7daydaily.com/story/15261#.U7udeoNuvJs
တောထဲတွင် တွေ့သည့် လက်ပစ်ဗုံးဟောင်းကို ပစ်ဆော့ရာမှ ပေါက်ကွဲပြီး ကလေးငယ်နှစ်ဦးသေဆုံး
Subscribe to:
Post Comments (Atom)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်