အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် (နပခ) တိုင်းမှူးအဖြစ် ဇူလိုင် ၁ ရက်က ခန့်အပ်ခံခဲ့ရသည့်ဗိုလ်ချုပ် အောင်လင်းဒွေးသည် မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်နှင့် နယ်စပ်စည်းရိုးကာရံနေမှုတို့ကို ပထမဆုံးအကြိမ် သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ယခင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးမှာ ဗိုလ်ချုပ် ကိုကိုနိုင်ဖြစ်ပြီး ၎င်းအား အရှေ့အ လယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြောင်းရွှေ့ပြီးနောက် ဗိုလ်ချုပ် အောင်လင်းဒွေးမှာ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ် လာသည်။
ရခိုင်ပြည်နယ်တွင် ၀န်ကြီး ချုပ်အသစ်အဖြစ် ဗိုလ်ချုပ်မောင် မောင်အုန်းအား ခန့်အပ်ခဲ့ပြီး တစ် ပြိုင်တည်းလိုလိုပင် ယခုကဲ့သို့ တိုင်းမှူးအပြောင်းအလဲ ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
‘‘မြန်မာဘင်္ဂလားဒေ့ရှ် နယ် စပ်တစ်လျှောက်မှာ ခြံစည်းရိုး ကာရံနေမှုနဲ့ လမ်းကြောင်းတွေကို အဓိက လာစစ်ဆေးတာဖြစ်ပါ တယ်။ တိုင်းမှူးအဖြစ် ပြီးခဲ့တဲ့ တစ်ပတ်ကျော်က စတင်ခန့်အပ် ခဲ့တာဖြစ်လို့ ပထမဆုံးအကြိမ် လာရောက်စစ်ဆေးခြင်းဖြစ်တယ် လို့ ယူဆရပါတယ်’’ ဟု နယ်ခြား စောင့်ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာ ရှိကြီးတစ်ဦးက အတည်ပြုသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ် စပ်တစ်လျှောက်မှာ မိုင်ပေါင်း ၁၆၀ ကျော် ရှည်လျားပြီး ယခုအ ခါ တပ်မတော် ဆောက်လုပ်ရေး တပ်မှ စည်းရိုးကာရံနေမှုမှာ တစ် ၀က်ခန့် ပြီးစီးလုနေပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ဆက်ဆံ ရေးရုံးများ ဖွင့်လှစ်ရန် နှစ်နိုင်ငံ စီစဉ်နေပြီး ပြီးခဲ့သည့်လက ဖြစ် ပွားခဲ့သည့် နယ်စပ်အရေး တင်း မာမှုများကြောင့် နှစ်နိုင်ငံ နယ် ခြားစောင့်တပ်ဖွဲ့ဝင်များ အစည်း အဝေးကို နေပြည်တော်တွင် ပြု လုပ်ခဲ့ရသည်။
http://www.7daydaily.com/story/15278#.U7uetYNuvJs
နပခတိုင်းမှူးအသစ် မြန်မာ-ဘင်္ဂလားနယ်စပ် ခြံစည်းရိုး ကာရံနေမှု စစ်ဆေး
Subscribe to:
Post Comments (Atom)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်