e-Goverment လုပ်ငန်းများအား ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံ
ကွန်ပျူတာအသင်းချုပ်မှ ပညာရှင်များဖြင့် အကြံပေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်ပေးရန် ဆက်သွယ်ရေးနှင့်
သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အကူအညီတောင်းခဲ့ကြောင်း သတင်းရရှိသည်။
‘‘ပြီးခဲ့တဲ့ ရက်ပိုင်းက ၀န်ကြီးက ကွန်ပျူတာအသင်းချုပ်ကိုခေါ်ပြီး ၀န်ကြီးဌာနတွေမှာ
လုပ်နေတဲ့ e-Government လုပ်ငန်းတွေကို လိုအပ်တာတွေကို အကြံပေးအဖွဲ့ ဖွဲ့ပြီးတော့ ကူညီပေးဖို့
ပြောတယ်’’ ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းက
ပြောသည်။
e-Government လုပ်ငန်းများကို ၀န်ကြီးဌာနအားလုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်
စီစဉ်နေသော်လည်း ဌာနဆိုင် ရာများတွင် အိုင်တီကျွမ်းကျင်သူ နည်းပါးနေသည့်အပြင် ၀န်ထမ်း
အများစုမှာလည်းနည်းပညာဖြင့် အလှမ်းကွာနေ၍ အောင်မြင်ခြင်းမရှိသေးဘဲ လုပ်ငန်းများ လိုက်နာဆောင်ရွက်ရာတွင်
အားနည်းနေသေးကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိတွင် နိုင်ငံတော်ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံရေး၊
စီးပွားရေးနှင့် အခြားသော ကဏ္ဍများအတွက် အကြံပေးပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ခန့်အပ်ထားသော်လည်း
နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ICT ကဏ္ဍနှင့် ပတ်သက်သော အကြံပေးပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ
ခန့်အပ်ထားခြင်း မရှိသေးသည့်အတွက် ယခုလို ဆောင်ရွက်ရန် အကူအညီ တောင်းခံခြင်းဖြစ်ကြောင်း
သိရသည်။
သတင်းထောက်ကေ
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်