မောင်တောမြို့နယ်အတွင်း ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ဖောက်ဖျက်ကျူးလွန်သူ ဘင်္ဂါလီအမျိုးသား တစ်ဦးကို ဖမ်းဆီးတရားစွဲဆိုထား ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။
အဆိုပါညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူသည် ငါးခူရတောင်ရွာနေ အသက် (၂၃)နှစ်အရွယ် အမျိုးသားဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်စဉ် မေလ ၂၂ ရက် ည ၁၁ နာရီကျော်က ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း နယ်ခြားစောင့် ရဲအရာရှိတစ်ဦးက ပြောကြား သည်။
မောင်တောမြို့နယ်တွင် ည မထွက်ရအမိန့်ပုဒ်မ ၁၄၄ ကို ည ၉ နာရီမှ နံနက် ၄ နာရီအထိ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
‘‘အရင်တုန်းကလည်း မြို့ ပေါ်မှာ ပုဒ်မ ၁၄၄ အမိန့်ကို ဖောက်ဖျက်တဲ့သူတွေကို အရေးယူမှုတွေပြုလုပ်ခဲ့ပါတယ်။ တိုင်းရင်းသား၊ ဘင်္ဂါလီလို့ ခွဲခြားထားတာမရှိပါ ဘူး’’ဟု မောင်တောမြို့နယ်ရဲတပ် ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မေလ ၂၃ ရက်က ဘူးသီးတောင်မြို့နယ် မီးကျောင်းဈေးအနီး၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမ၀င်သွားရောက်မှုကြောင့် ဘီဒီပြေး (ဘင်္ဂလားဒေ့ရှ်သို့ တရားမ၀င်ခိုးဝင်ပြေးသူ) စာရင်းကြေညာထားသူ ဘင်္ဂါလီအမျိုးသားနှစ်ဦး ကိုလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။
7 Day Daily

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်