ဒီဇင်ဘာလ
၁၅ရက်ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ သတင်းထုတ်ပြန်ချက် ၂/၂၀၁၂
အရ နိုဝင်ဘာလ ၂၉ရက်နေ့ တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သပိတ်စခန်းများဖြိုခွင်းခဲ့ရာတွင်
မီးခိုးဗုံးများကိုသာ အသုံးပြုခဲ့သည်ကို စုံစမ်းစစ်ဆေးရေးကော်မရှင်က စုံစမ်း စစ်ဆေးတွေ
့ရှိပြီးဟု မှတ်ယူနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။
ယင်းထုတ်ပြန်ချက်တွင် အချက်၎ချက်ပါဝင်ပြီး အချက် (၁) တွင်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ဆားလင်းကြီးမြို့ နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
ရပ်ဆိုင်းရေးအတွက် သပိတ်စခန်းများ ဖွင့်လှစ် ဆောင်ရွက်နေမှုအား ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ
၂၉ရက်နေ့ တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မီးခိုးဗုံးများ
အသုံးပြုပြီး လူစုခွဲဆောင်ရွက်ခဲ့ရာ၌ သံဃာတော်အချို့ နှင့် လူပုဂ္ဂိုလ်အချို့တို့ မှာ
မီးလောင်ဒဏ်ရာရရှိခဲ့ပါသည်။ ဟု ဖော်ပြပါရှိကြောင်း တွေ့ရှိရသည်။
ဆက်လက်၍ အချက် (၂)တွင် ကော်မရှင်အနေဖြင့် အဆိုပါ မီးလောင်ဒဏ်ရာရသည့်
လူနာများအား မန္တလေးမြို့ရှိ ပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံများသို့  သွားရောက်
ကြည့်ရှုခဲ့ပြီး ဆေးကုသမှုများအား စစ်ဆေးခဲ့ပါသည်။ ဟု တွေ့ ရှိရသဖြင့် ဒဏ်ရာရသူများကို
စစ်ဆေးခဲ့ပြီး ယင်းတို့ မှာ မီးခိုးဗုံးကြောင့်သာ ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးကော်မရှင်၏
သတင်းထုတ်ပြန်ချက်အရ လေ့လာတွေ့ ရှိရသည်။
ယင်းကဲ့သို့  စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တွေ့ရှိချက်များမှာ
မီးခိုးဗုံးများ အသုံးပြုသည်မှာ မှန်ကန်ခဲ့ပါက နိုင်ငံတကာ၏ အဓိကရုဏ်းနိုင်နှင်းရေး
လုပ်ငန်းစဉ်အတိုင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ၏
ရဲလုပ်ငန်းစဉ်များအတိုင်း တရားဥပဒေစိုးမိုးရေးကို အဓိက ထိန်းသိမ်းစောင့်ရှောက်ရခြင်း
တာဝန်အရ ပုဒ်မ၁၄၄ထုတ်ပြန်ထားသော တားမြစ် နယ်မြေအတွင်းသို့  ကျူးကျော် ၀င်ရောက်မှုကို
ဟန့်တား ဖယ်ရှာခြင်းသာဖြစ်ပြီး ရဲတပ်ဖွဲ့သည် နိုင်ငံတော် စီမံကိန်း၏ လုံခြုံရေးအရ ထုတ်ပြန်ထားသော
အစိုးရ၏ ပုဒ်မ၁၄၄ကို ထိန်းသိမ်း စောင့်ရှောက်ရခြင်းအတွက် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ခဲ့ခြင်းသာ
ဖြစ်ကြောင်း ရာဇ၀တ်မှု ကျူးလွန်ခြင်းမဟုတ်ကြောင်း တရားဥပဒေစိုးမိုးရေး ရှုထောင့်အရ တွေ့ရှိနိုင်သည်။
ကေ
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်