![]() |
| (Photo - Redwire Singapore |
စင်ကာပူတွင် ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းက အသက် နှစ်ဆယ်ကျော်ခန့် အရွယ်ရှိ မြန်မာအမျိုးသမီး တစ်ဦးသည် အမှတ် 180 Depot လမ်းပေါ်ရှိ Interlace ကွန်ဒိုမှ ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းအမျိုးသမီးငယ်မှာ ယင်းကွန်ဒို၏ ၁၉ ထပ်အမြင့်မှတစ်ဆင့် ခုန်ချကာ မိမိကိုယ်ကိုယ် သက်သေသည်ဟု ယူဆရသည့် ရုပ်သံဗီဒီယိုဖိုင်မှာလည်း လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့သည်။
![]() |
| Photo - စလုံး Facebook |
ယင်းရုပ်သံဖိုင်တွင် အမျိုးသမီးငယ်မှာ ကွန်ဒိုပေါ်မှ ခုန်မချမှီ ကင်မရာနောက်မှ ၄င်းအား ကူညီကယ်ဆယ် မှုများပြုလုပ်ရန် ကြိုးစားနေသည်ဟု ယူဆရသူ အချို့၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ ယင်းအမျိုးသမီးငယ်ကို မိုးလေ၀သနှင့် ပတ်သက်သည့် အကြောင်းအရာအချို့ မေးမြန်းရာ ပြန်လည်ဖြေကြားခဲ့ပြီး ကူညီကယ်ဆယ်မှုများ ပြုလုပ်ရန် ကြိုးစားသည့်အဖွဲ့မှ တစ်ဦးက ၄င်းအား ရေသောက်ရန်လည်း ပြောကြားခဲ့သေးသည်။
လက်ရှိအချိန်တွင် မြန်မာအိမ်အကူ အမျိုးသမီးငယ် ခုန်ချသေဆုံးခဲ့မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို မသိရှိရသေးသော်လည်း မြန်မာသံရုံးနှင့် စင်ကာပူရဲတပ်ဖွဲ့တို့က ပူးပေါင်းစုံစမ်းလျက်ရှိကြောင်း သိရသည်။
![]() |
| သေဆုံးခဲ့သည့် အမျိုးသမီးငယ်အား လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သည့် ရုပ်သံဗီဒီယိုမှ တွေ့ရစဉ် |
မြန်မာသံရုံး တာဝန်ရှိသူတစ်ဦးထံမှ လတ်တလော အတည်ပြုချက်အရ ခုန်ချသေဆုံးခဲ့သော မြန်မာအမျိုးသမီးငယ်၏ အမည်မှာ မဇင်မာဦး ဆိုသူဖြစ်ကြောင်း သိရပြီး သက်ဆိုင်ရာ အာဏာပိုင်များမှ ၎င်း၏ မိဘ၊ ဆွေမျိုးများထံ ဆက်သွယ်ဆောင်ရွက်မှုများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ခုချသေဆုံးမှု မဖြစ်ပွားမီ စင်ကာပူကယ်ဆယ်ရေးအဖွဲ့မှ မြန်မာစကားပြန်နှင့်အတူ ၎င်းအမျိုးသမီးငယ်နှင့် အချိန် တစ်နာရီခွဲခန့်အကြာ ပြောဆိုညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။
စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့ (SCDF) အနေဖြင့် ကွန်ဒိုအောက်ရှိ နေရာအချို့တွင် ပိုက်ကွန်၊ ရေမြှုပ်မွှေ့ယာများ ဖြန့်ခင်းချထားခဲ့သည်ဟု ဆိုပြီး အမျိုးသမီးငယ် ခုန်ချခဲ့သည့် နေရာတွင်မူ ယင်း ပိုက်ကွန်၊ မွှေ့ယာတို့ ခံထားနိုင်ခဲ့ခြင်း မရှိသည့်အတွက် သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူအချို့၏ ကနဦး ပြောဆိုချက်များအရ သိရသည်။
Eleven



Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်