ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ YBS ဘတ်စ်ကားစနစ် တွင် ၀င်ရောက်ပြေးဆွဲမည့်Omni Focus (ဘက်စုံမြင်ကွင်း)ကုမ္ပဏီက တင်သွင်းသော ဘတ်စ်ကားအသစ်များ စတင်ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဘတ်စ်ကားသစ်များကို ပြည်သူ့ရင်ပြင်တွင် ရပ်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်) |
အများပိုင် ဘတ်စ်ကား ကုမ္ပဏီ Omni Focus က ဘတ်စ် ကားအသစ်များ တင်သွင်းထားပြီး ယနေ့အချိန်ထိ အစီးရေတစ်ရာ ရောက်ရှိထားပြီ ဖြစ်ကြောင်း ယင်းကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဘတ်စ်ကားများ သည် ‘ဖော်တွန့်’ အမျိုးအစားဖြစ် ပြီး တရုတ်နိုင်ငံမှဝယ်ယူတင်သွင်း ထားခြင်းဖြစ်ကာ လက်ရှိတွင် ရန် ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ရှေ့ ပြည်သူ့ရင်ပြင်အတွင်း ရပ် နားထားသည်။ ယင်း ဘတ်စ်ကား များဝယ်ယူရောက်ရှိမှု အခြေအ နေနှင့် YBS စနစ်အတွင်း ထည့် သွင်းပြေးဆွဲမည့် အစီအစဉ်များ ကို သက်ဆိုင်ရာကုမ္ပဏီက လတ် တလောမပြောကြားလိုသေးဟု ဆိုသည်။
‘‘ခရီးသည်တွေကို ဘယ်လို ၀န်ဆောင်မှုတွေ ပေးသွားမယ်ဆို တာ ကျွန်တော်တို့မကြာခင်သ တင်းထုတ်ပြန်ပါမယ်။ ရက်ပိုင်း အတွင်း သတင်းစာရှင်းလင်းပွဲ လုပ်ပေးပါမယ်’’ ဟု အဆိုပါ ဘတ်စ်ကားတင်သွင်းသည့် ကုမ္ပဏီ တာဝန်ရှိသူက ပြောကြားသည်။
ဒေါ်ခင်စန္ဒာဝင်း၊ ဦးကျော်နေ၀င်း၊ ဦးဇွဲနေ၀င်းတို့ အပါအ၀င် ဒါရိုက်တာ ၇ ဦးဖြင့် တည်ထောင်ထားသော Omni Focusgeneral services public com-pany ltd (ဘက်စုံမြင်ကွင်း အထွေထွေဝန်ဆောင်မှု ကုမ္ပဏီလီမိတက်) သည် ယခင် မေတ္တာ လှိုင်းယာဉ်လိုင်းကို တည်ထောင် ပြေးဆွဲသော ကုမ္ပဏီလည်းဖြစ် သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် YBS စနစ် စတင် သည့် ပထမသုံးလလွန်ပြီး နောက် ဘတ်စ်ကားဟောင်းများနေရာ တွင် အသစ်များဖြင့် အစားထိုး ပြေးဆွဲနိုင်အောင် လုပ်ဆောင် မည်ဟု ပြောကြားထားသည်။
ယခုအခါတွင် အများပိုင် ဘတ်စ်ကား ကုမ္ပဏီ အချို့က လည်း ကိုယ်ပိုင်အစီအစဉ်များ ဖြင့် ပြည်ပမှဘတ်စ်ကားအသစ် များဝယ်ယူနေသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက လည်း ဘတ်စ်ကားအသစ်အစီး ရေ တစ်ထောင်ကို တရုတ်နိုင်ငံမှ ၀ယ်ယူထားပြီး ပြီးခဲ့သည့်ရက်ပိုင်း အတွင်း အစီးငါးရာကို လွှဲ ပြောင်းရရှိထားကာ မကြာမီတင် သွင်းမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ရန်ကုန်မြို့တွင် YBS စနစ် ၌ ပြေးဆွဲနေသည့် ဘတ်စ်ကားစီး ရေလေးထောင်ခန့်ရှိပြီး စီးရေ ထက်ဝက်ကျော်သည် ကြံ့ခိုင်မှု လျော့နည်းနေခြင်း၊ ခရီးသည် ယာဉ်အမျိုးအစားမဟုတ်ခြင်းများ ကြောင့် ကားအသစ်များနှင့် အ စားထိုးလဲလှယ်ရန် လိုအပ်နေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRT A)မှ ကနဦး သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် ဘတ်စ်ကား အသစ်များအစားထိုးရန် အဆင် သင့်မရှိသေးခြင်းကြောင့်ဟု ဆို ကာ ပြေးဆွဲခွင့်ရပ်ဆိုင်းရန် သတ် မှတ်ခံထားရသည့် ဘီအမ်၊ ဒိုင်နာ နှင့် ၁၉၉၅ မော်ဒယ်အောက် မီနီ ဘတ်စ်များကို ဆက်လက်ပြေး ဆွဲခွင့်ပြုထားသည်။
7 Day Daily
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်