ကန်သံရုံးရှေ့ဆန္ဒပြပွဲ ဦးဆောင်သူ လေးဦးကို အာမခံပယ်ချပြီး အင်းစိန်ထောင်ပို့

ရိုဟင်ဂျာဟု သုံးနှုန်းသ ဖြင့် အမေရိကန်သံရုံးကို ဦးဆောင် ဆန္ဒပြခဲ့သူများအား ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားရာ မေလ ၁၂ ရက်က ကမာရွတ်မြို့နယ်တရား ရုံးတွင် လေးဦးကို ရုံးထုတ်စစ် ဆေး၍ တရားသူကြီးက အာမခံ လျှောက်ထားမှုကို ပယ်ချလိုက်ပြီး ဖမ်းဆီးကာ အင်းစိန်ထောင်သို့ပို့ ဆောင်ခဲ့သည်။
အမေရိကန်သံရုံးရှေ့ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်ခဲ့ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် ပုဒ်မနှစ်ခုဖြင့် တရားစွဲခံရသူလေးဦးကို အာမခံပယ်ချလိုက်ပြီး အချုပ်ကားပေါ်သို့တင်ရန် ရဲတပ်ဖွဲ့ဝင်များက ခေါ်ဆောင်လာကြစဉ် (ဓာတ်ပုံ − အောင်ကျော်ထက်/အေအက်ဖ်ပီ)
သံဃာတော် သုံးပါးဖြစ် သော မကွေးကျောင်းတိုက် ဆရာ တော် ဦးပါမောက္ခ၊ မျိုးချစ်ရဟန်း တော်များသမဂ္ဂအဖွဲ့မှ ဆရာ တော် ဦးသုစိတ္တ၊ ဦးဉာဏဓမ္မ နှင့် အမျိုးသားရေးလှုပ် ရှားသူဟုဆိုသော ဝင်းကိုကို လတ်၊ နောင်တော်လေး၊ သက် မျိုးဦးနှင့် နေဝင်းအောင်တို့ကို ငြိမ်းစုစီ ပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ကမာရွတ်မြို့နယ် တရား ရုံးတွင် တရားစွဲဆိုထားခြင်းဖြစ် သည်။
မေလ ၁၂ ရက် ရုံးချိန်းတွင် ကမာရွတ်မြို့နယ် တရားရုံးသို့ သံဃာတော်သုံးပါး လာရောက် ခြင်းမရှိဘဲ ဝင်းကိုကိုလတ်၊ နောင်တော်လေး၊ သက်မျိုးဦးနှင့် နေဝင်းတို့သာ လာရောက်၍ ၎င်းတို့လေးဦးက ပုဒ်မ ၅၀၅(ခ) အတွက် အာမခံပေးရန် လျှောက် ထားရာ တရားသူကြီးက ပယ်ချခဲ့ သည်။
ထို့ကြောင့် ၎င်းတို့လေးဦး ကို ရဲတပ်ဖွဲ့က ဖမ်းဆီး၍ အင်း စိန်ထောင်သို့ ပို့ဆောင်ခြင်းဖြစ် သည်။
အမေရိကန်သံရုံးရှေ့ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်ခဲ့ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် ပုဒ်မနှစ်ခုဖြင့် တရားစွဲခံရသူလေးဦးကို အာမခံပယ်ချလိုက်ပြီး အချုပ်ကားပေါ်သို့တင်ရန် ရဲတပ်ဖွဲ့ဝင်များက ခေါ်ဆောင်လာကြစဉ် (ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)
၎င်းတို့ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုရန် ကမာရွတ်မြို့ နယ် ဒုအထွေထွေအတွင်းရေးမှူး ဦးသန်းထွန်းအောင်က တရားရုံး သို့ ဦးတိုက်လျှောက်ထားခဲ့ ကြောင်း ကမာရွတ်မြို့နယ်တရား သူကြီးက ပြောကြားသည်။ တရားစွဲ ဆိုခံရသော သံဃာတော်သုံးပါး က သံဃနာယကအဖွဲ့၏ ညွှန် ကြားစာပါမှသာ တရားရုံးသို့ လာ ရောက် ဖြေရှင်းမည်ဖြစ်ကြောင်း မိန့်ကြားထားသည်။
မကွေးကျောင်းတိုက်ဆရာ တော် ဦးပါမောက္ခက‘‘ဘုန်းကြီး တို့က နိုင်ငံတော်အကြည်ညိုပျက် အောင် လုပ်တာလည်းမရှိဘူး။ အဲဒါကြောင့် ဆင့်ခေါ်တာကို မသွားနိုင်ဘူး။ ဆင့်ခေါ်စာကို လည်း လက်ခံကြောင်း မလုပ် ထားဘူး။ နောက်ပြီး သံဃနာယ ကအဖွဲ့က စာလည်းမပါဘူး။ တရားလို နာမည်လည်းမပါဘူး’’ ဟု တရားရုံးသို့ လာရောက်ခြင်း မရှိသည့်အကြောင်းရင်းနှင့် ပတ် သက်၍ ဧပြီ ၂၈ ရက်က မိန့်ကြားသည်။
မေလ ၁၂ ရက်က တရားရုံး သို့ လာရောက်ခြင်းမရှိသည့် သံဃာတော်သုံးပါးကို လာမည့် မေလ ၂၂ ရက်တွင် တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ထားပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခံရ သည့် လေးဦးကို ယင်းနေ့၌ ရုံးချိန်းထပ်မံ ချိန်းဆိုထားသည်။
ရခိုင်ပြည်နယ်တွင် စက်လှေ မှောက်၍ သေဆုံးသူများကို ရို ဟင်ဂျာဟု သုံးနှုန်းပြီး ကြေညာ ချက်ထုတ်ပြန်ခဲ့သော အမေရိ ကန်သံရုံးကို သံဃာတော်များနှင့် အမျိုးသားရေးလှုပ်ရှားသူဟုဆို သူ ၂၀၀ ကျော်က ၂၀၁၆ ဧပြီ ၂၈ ရက်၌ ရန်ကုန်တက္ကသိုလ်ရှေ့က စတင်ပြီး အမေရိကန်သံရုံးရှေ့ အထိ ချီတက်လမ်းလျှောက် ဆန္ဒ ပြခဲ့သည်။ ထို့ကြောင့် ဦးဆောင် ဆန္ဒပြသူများကို ပုဒ်မနှစ်ခုဖြင့် တရားစွဲခဲ့သည်။
သံရုံးရှေ့ဆန္ဒပြပွဲတွင် ပါဝင် သဖြင့် တရားစွဲခံရသော ဆရာ တော် ဦးသုစိတ္တသည် မြယာ ကုန်းပဋိပက္ခတွင် ပါဝင်ခဲ့မှုဖြင့် မင်္ဂလာတောင်ညွန့်ရဲစခန်းတွင် ပုဒ်မ ၅၀၅(ဂ)၊ ပုဒ်မ ၃၄ တို့ဖြင့် အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရသည်။ ဝင်းကိုကို လတ်နှင့် နောင်တော်လေးတို့ကို လည်း ဘင်္ဂါလီအရေး ဆန္ဒပြကန့် ကွက်မှုဖြင့် ဗဟန်းမြို့နယ်တရား ရုံးတွင် ပုဒ်မ ၅၀၅(ခ) ဖြင့် တရား စွဲဆိုခံထားရသည်။

0 မှတ်ချက်များ: