Photo - အောင်နိုင်စိုး |
ပြည်တွင်းပြည်ပနှင့် အင်တာနက်ပေါ်ရှိ သန်းပေါင်း၄၀ကျော်သည့် ဈေးဝယ်နိုင်သောနေရာများတွင် AYA Visa အကြွေးဝယ်ခွင့်ကဒ်များဖြင့် ဈေးဝယ်ခွင့်ရရှိတော့မည်ဖြစ်သည်။
AYA Visa အကြွေးဝယ်ခွင့်ကဒ်ဖြင့် ကမ္ဘာအရပ်ရပ်ရှိဈေးဆိုင်ပေါင်း သန်း၄၀ကျော်နှင့် မြန်မာနိုင်ငံရှိ ဈေးဆိုင်ပေါင်း ၇၀၀၀ကျော်တို့တွင် ဈေးဝယ်ယူနိုင်မည်ဖြစ်သည်။
ယင်းအကြွေးဝယ်ခွင့်ကဒ်များကို ဧရာဝတီဘဏ်မှ ကမ္ဘာ့ခေတ်မီနည်းပညာများဖြင့် ငွေပေးချေသောစနစ်၏ ရှေ့ဆောင် Visa နှင့်ပူးပေါင်း၍ အကြွေးဝယ်ခွင့်ကဒ်သုံးမျိုးအား မိတ်ဆက်လိုက်သည်။
"မြန်မာပြည်တွင်းမှာ ဘဏ်ငွေစာရင်းမရှိသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး AYA Visaအကြွေးဝယ်ခွင့်ကဒ်ကို ထုတ်တာပါ။ဒီလိုကမ္ဘာ့ရှေ့ဆောင် နည်းပညာနဲ့ ငွေပေးချေမှုစနစ်ရှိတဲ့ ကဒ်တွေဟာ မြန်မာပြည်ရဲ့ စီးပွားရေးကို ပိုမိုအားကောင်းအောင် စွမ်းဆောင်နိုင်မှာပါ။"ဟု ဧရာဝတီဘဏ်ဥက္ကဌ ဦးဇော်ဇော်ကပြောသည်။
အပြည်ပြည်ဆိုင်ရာတွင်အသုံးပြုနိုင်သောကဒ်များကို မြန်မာနိုင်ငံတွင် ထုတ်လုပ်ခြင်းကြောင့် မြန်မာကျပ်ငွေဖြင့်သာ ဖော်ပြမည်ဖြစ်ပြီး ငွေလဲနှုန်းထားများကို စိုးရိမ်စရာမရှိကြောင်းသိရသည်။
ဧရာဝတီဘဏ်မှ AYA Visa အကြွေးဝယ်ခွင့်ကဒ်များကို ငွေရောင်၊ရွှေရောင်နှင့် ပလက်တီနမ် သုံးကဒ်အား မေလ ၃၀ရက်တွင် ဈေးကွက်အတွင်း ဖြန့်ချိရန် မိတ်ဆ
က်ခဲ့ပြီးဖြစ်သည်။
ဧရာဝတီဘဏ်သည် ဘဏ်ခွဲပေါင်း ၂၁၈ဘဏ်၊ဘဏ်စာရင်းအပ်ငွေကျပ် ၃ဒသမ ၉၅ တွီလျံရှိပြီး လာမည့်နှစ်များတွင် ဘဏ်ခွဲများတိုးချဲ့ဖွင့်လှစ်မည် ဖြစ်သည်။
ဧရာဝတီဘဏ်မှ ထုတ်လုပ်သည့် AYA Visa အကြွေးဝယ်ခွင့်ကဒ်များအကြောင်းကို အသေးစိတ်သိရှိလိုပါက ဧရာဝတီဘဏ်ခွဲများတွင် သွားရောက်လေ့လာနိုင်ကြောင်း သိရသည်။
သီဟ
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်