သေဆုံးသွားသူတို့နစ်နာကြေုး မြန်မာအာမခံ သတ်မှတ်နှုန်းအတိုင်း အဲပုဂံ လျှော်မည်

အဲပုဂံလေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားသူများအတွက် နစ်နာကြေးကို မြန်မာအာမခံလုပ်ငန်းမှ သတ်မှတ်ပေးသည့်အတိုင်းပေးလျှော်သွားမည်ဖြစ်ကြောင်း အဲပုဂံလေကြောင်းလိုင်းမှ Deputy Managing Director ဦးအောင်ဆန်းက ပြောသည်။

ထို့အပြင် ဖြစ်စဉ်တွင် ဒဏ်ရာရရှိသူများကိုလည်း ရန်ကုန်ပြည့်သူ့ဆေးရုံကြီးတွင် ဆေးကုသပေးနေပြီး ပြန်လည်ကောင်းမွန်သည်အထိ တာဝန်ယူမည်ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

လေ ကြောင်းခရီးစဉ်တွင် ပါဝင်ခဲ့သော နိုင်ငံခြား ခရီးသည်များကိုလည်း ၎င်းတို့ နိုင်ငံပြန်နိုင်ရန်အတွက် စီစဉ် ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး လတ်တလောတွင် ၎င်းတို့အား ကန်တော်ကြီး ပဲလေစ့်ဟိုတယ်တွင် ထားရှိ ကြောင်း ၎င်းတို့ သုံးစွဲရန်အတွက် ကန်ဒေါ်လာ ၂၀၀၀ နှင့် ကျပ် သုံးသိန်း ထောက်ပံ့ထားကြောင်းသိရသည်။

ယမန်နေ့ကဖြစ်ပွားခဲ့သည့် အဲပုဂံလေယာဉ်ပျက်ကျမှုကြောင့် ခရီးသည် မနွဲ့လင်းရှိန်နှင့် ဆိုင်ကယ်မောင်းသူ ဦးပြားတို့ အသက် ဆုံးရှုံးခဲ့ရသည်။

Popolar Myanmar News Journal

ဟဲဟိုးလေဆိပ်အဆင်းတွင် ပျက်ကျခဲ့သော အဲပုဂံလေယာဉ်မှာ ၂၀၀၅ ခုနှစ်က British Midland ကုမ္မဏီက ဝယ်ယူခဲ့ပြီး ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလက ထုတ်လုပ်ထားသော လေယာဉ်ဖြစ်ကြောင်း အဲပုဂံလေကြောင်းလိုင်းမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထူးသက်ထွေးက ပြောသည်။

အဆိုပါ လေယာဉ်သည် ပျံသန်းချိန် ၂၇၃၇၈ နာရီ ပျံသန်းခဲ့ပြီး စင်္ကာပူနိုင်ငံတွင် အာမခံထားသည်။ Black Box က ထွက်ရှိလာသော အဖြေရရှိမှသာ ပျက်ကျရသည့် အကြောင်းရင်းကို ပြောနိုင်မည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဲပုဂံမှ တာဝန်ရှိသူများက ပြောသည်။

7Day News Journal

လေယာဉ်ပျက်ကျရာတွင်ပါဝင်ခဲ.သော ဧည်.လမ်းညွှန်ကိုစိုးမိုးသူနှင်.တွေ.ဆုံခြင်း

- ဘယ်တွေမှာ ဒဏ်ရာရသွားသလဲ ၊ ခါးရိုးကြိုးသွားတယ် လို.ကြားလို. ဟုတ်သလား ။
- ခါးရိုးတော.မကျိုးပါဘူး ဒီမှာ ဓါတ်မှန်ရိုက်ထားတာ ခါးရိုးကြားကအရွတ်ကလေးတွေပေါ. ထိသွားတယ် အရိုးနုကြားကအဆစ်ကလေးတွေဟ သွားတယ် ။

- ဒါဆိုခါးကိုထိတာက လေယာဉ်ပေါ်ကခုန်ချလို.လား

- မဟုတ်ဘူးဗျ လေယာဉ်အဆင်းမှာမြေကြီးနဲ.ဆောင်.မိတာလေ Impact ပေါ. ၊ လေယာဉ်နဲ.မြေကြီး Impact ဖြစ်တဲ.အချိန်မှာ ခါးကဆောင်.ချသလိုဖြစ်ပြီး ဒဏ်ရာရတာ

- ဟဲဟိုးကွင်းမှာ မြူဆိုင်းလို. ကွင်းမှားဆင်းတယ်ဆိုတာရောဟုတ်ပါသလား

- အင်းဒါကတော. ဒီဘက်က မြူဆိုင်းတယ် Clear မဖြစ်ဘူးဆိုရင်တော. အစထဲက Control Tower က ဆင်းခိုင်းမှာ မဟုတ်ဘူး ။ ဒီဘက်က Clear ဖြစ်လို.သာ မန္တလေးလေဆိပ်ကတက်ခဲ.တယ်ထင်ပါတယ်

- ဒါဆို Cause of crush ( ပျက်ကျရသောအကြောင်းရင်း) က ဘာလဲ

- အဲဒါတော.ဘယ်သူမှမသိဘူး၊ ကျွန်တော်တို.လဲမသိဘူး ၊ညနေကျ သူတို. ( Air Bagan ) Press Conference လုပ်မယ်တဲ. ။

- မန္တလေးကစတက်လာတော. လေယာဉ်အင်ဂျင်စက်သံကပုံမှန်ပဲလား ၊မူမမှန်တာတွေ ရှိခဲ.လား

- အင်ဂျင်သံကပုံမှန်ပဲ ၊ ဘာမှမဖြစ်ဘူး ၊ အဆင်းမှာတော.ဆင်းပြီလို.ထင်လိုက်တာ ၊ ပြုတ်ကျပြီဆိုမှ အုန်းဆို …ဟာ …ခါးတွေ အီစလံဝေသွားတာပဲ ၊ ကျွန်တော်ကပထမတော. တော်တော် Landing ကြမ်းတဲ. လေယာဉ်မှူးပဲလို. ထင်လိုက်တာ ၊

- ဒါဆို Emergency Landing ( အရေးပေါ်ဆင်းသက်ခြင်းလုပ်ပါတော.မယ်လို. လေယာဉ်မှူးကကြေငြာသလား ) ကြိုတင်သတိပေးသလား

- မပေးဘူး ၊ အဲဒိလိုတော.မပြောဘူး ။ )ုန်းဒိုင်းကျဲပြီး လယ်ကွင်းထဲရောက်မှ Landing ရိုးရိုးမဟုတ်ဘူးလို.သိရတာ။ ကျွန်တော်ကအိပ်နေတာလေ ၊မနက်အစော ပိုင်း Flight ဆိုတော. အိပ်ငိုက်ပြီးလိုက်လာတာ ။ လေယာဉ်ပေါ်ရောက်ရင်အိပ်နေကြပဲ ။ အဲဒိတော.မှ တစ်ချက်လောက် ခုန်ပြီး ၀ုန်းဝုန်းဆိုဖြစ်တော.မှ ငါတော. သွားပြီဆိုပြီး ရှေ.ကထိုင်ခုံကိုကိုင်ထားမိတယ် ။ခါးကလည်းတော်တော်နာနေပြီ ။အထဲမှာလဲဆူညံနေတယ် ။သိတဲ.အတိုင်းပဲ နိုင်ငံခြားသားတွေကပိုပြီး Nervous ဖြစ်တယ်လေ ။ ရပ်လဲသွားရော မီးခိုးတွေကတက်နေပြီ။

- လေယာဉ်မယ်တွေက ခရီးသည်တွေကို ကူညီတာ ၊သတိပေးတာ၊ကယ်ထုတ်တာတွေရှိသလား

- အဲဒါတွေဘာမှမမှတ်မိတော.ဘူး ၊အားလုံးရုန်းရင်းဆန်ခတ် ဖြစ်နေတယ် ။ တံခါးတွေကပွင်.နေတာပဲ ၊ စက္ကန်.ပိုင်းလေးမှာကြည်.တော.မီးတွေကတောက်နေပြီ ။ ဂိုဒ်တွေက လေယာဉ်စီးရင် ဘောင်းဘီရှည်ဝတ်ကြပါ ။ အင်းလေးမှာအေးလို. ကျွန်တော် ဂျင်းဘောင်းဘီဝတ်သွားတာတော်သေးတာပဲ ။ ပြေးရလွှားရတဲ.အခါကျ တော်တော်အဆင်ပြေတယ်။ ကျွန်တော်.ရှေ.မှာ အဖြူကောင်တွေ လေယဉ်ပေါ်ကနေခုန်ချပြီးပြေးတော. ကျွန်တော်လဲ ခုန်ချပြီးပြေးတယ် ။ ခါးကလဲ အရမ်းနာတော. လေးဖက်ထောက်ပြီးပြေးရတယ် ။ရုပ်ရှင်ထဲကလိုပဲ လေယာဉ်ပေါက်ကွဲတော.မယ်လို.ထင်တာနဲ. လွတ်တဲ.အထိ လေးဖက်ထောက် လယ်ကွင်းထဲမှာပြေးမိတယ် ။ လွတ်လောက်တဲ.နေရာကိုပြေးတာ ။ ရွာသားတွေကလဲ ဟဲဟိုးလေဆိပ်ထဲက သံဆူးကြိုးတွေကို ကျွန်တော်ထွက်လို.ရအောင် ကိုင်ပေးကြတယ် ။ လွတ်လောက်ပြီလို.စိတ်လျှော.လိုက်ပြီး ပက်လက်လှန်ချလိုက်တော. လူနာတင်ကားတွေရောက်လာတယ် ။

- ဒါဆို သေသွားတဲ. ဂိုဒ် နွယ်လင်းရှိန် ကဘယ်လိုသေတာလဲ ။

- သူက လေယာဉ် ပေါ်မှ တခြားဂိုဒ် မတိုးတိုးခင် ကို အစ်မအမြန်ဆင်းလို.တောင်ပြောသေးတယ်ပြောတယ် ။နောက်တော.ဘယ်လိုဖြစ်သလဲမသိဘူး။ သတိလစ်သွားသလား ၊ မီးခိုးမွှန်သွားသလား ၊ ခြေထောက်ကျိုးသွားသလားတော. မပြောတတ်ဘူး ။လေယာဉ်ပေါ်မှာ သူကျန်ခဲ.တယ် ။ စက္ကန်. ၉၀ လောက်အတွင်းမှာလေယာဉ်ကထပေါက်ကွဲတာပဲ ။သူဘာ.ကြောင်.ကျန်ခဲ.တယ်ဆိုတာ တော.မသိဘူး ။ ဧည်.လမ်းညွှန်တွေက လေယာဉ်ရဲ.နောက်ဖက်မှာစီးတာများတယ် ။အရေးပေါ်ထွက်ပေါက်နဲ.ကနည်းနည်းလှမ်းတယ် ။

-

- ဒါဆိုသူကျန်ခဲ.တာကိုလေယာဉ်မယ်တွေ ကမသိဘူးလား

- အဲဒါတော.ကျွန်တော်လဲမပြောတတ်ဘူး၊ အားလုံးကအသက်လုပြီးထွက်ပြေးကြတာပဲ

- ခရီးဆောင်အိပ်တွေရော ယူချိန်ရသေးလား

- Baggage တွေမပြောနဲ. အဲဒိအချိန်မှာ ဘာတစ်ခုမှ ယူဖို.သတိမရဘူး ။ဘာကိုမှ ဘယ်သူမှ မစဉ်းစားနိုင်ဘူး ၊

- ၁၁ နှစ်အရွယ်နိုင်ငံခြားသားခလေးတစ်ယောက်သေတယ်ဆိုတာဟုတ်လား

- အမှန်ကလေယာဉ်ပေါ်မှာ မီးလောင်နေတဲ.အလောင်းကိုတွေ.တော. အရွယ်ကိုခန်.မှန်းပြီး ၁၁ နှစ်အရွယ်နိုင် ငံခြားသား ခလေးအလောင်းလို. ယူဆကြတာ ။ ခရီးသည်စာရင်းကိုကြည်.တော.ကလေးမပါဘူး ။အမှန်က အဲဒါ နွယ်လင်းရှိန်အလောင်း။ သူက အရပ်ပုပု ခပ်သေးသေးသွယ်သွယ်ပဲ ။ နောက်တော. စပ်စံထွန်းဆေးရုံကစစ်တော.မှ မြန်မာ ဧည်.လမ်းညွှန်ရဲ.အလောင်းဆိုတာအတည်ပြုပေးတာ။

By Ko Nyi ( Tharawun )
Myo Min's facebook

0 မှတ်ချက်များ: