ဘင်္ဂလားပင်လယ်အော်မှလေဖိအားနည်းရပ်ဝန်းသည် နှစ် ရက်အတွင်း မုန်တိုင်းငယ်ဖြစ်လာ နိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးပြီး လတ်တလောအချိန်တွင် ဒေသအချို့၌ လေပြင်းကျခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းတို့ ကြုံတွေ့ နေကြောင်း သတင်းရရှိသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းနှင့် ဆက်စပ်နေသော ကပ္ပ လီပင်လယ်ပြင် တောင်ပိုင်းအနီးတွင် မေလ ၁၂ ရက် နေ့လယ်ခန့်က စတင်ကာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ခဲ့ပြီး မေလ ၁၄ ရက် နံနက် ၆ နာရီမှ ၄၈ နာရီ (နှစ်ရက်)အတွင်း မုန် တိုင်းငယ် ဖြစ်လာနိုင်ကြောင်း ဒေါက် တာထွန်းလွင်က ပြောသည်။
ယင်း လေဖိအားနည်းရပ် ဝန်းသည် မေလ ၁၃ ရက်တွင် အားပြန်လျော့နေရာမှ ၁၄ ရက် နံနက်တွင် တစ်ကျော့ပြန်အား ကောင်းလာခဲ့သည်။
ဒေါက်တာထွန်းလွင်က ‘‘လေဖိအားရပ်ဝန်းက အားပြန် ကောင်းလာနေတယ်။ လေပြင်း၊ မိုးကြိုးနဲ့ နေရာကွက်မိုးကြီးတာ တွေအတွက် သတိပြုရမယ့် ကာ လဖြစ်နေတယ်။ မိုးလေဝသ သတင်းတွေ အဆက်မပြတ် နား ထောင်ဖို့ လိုတယ်’’ဟု သတိပေး သည်။
လေဖိအားနည်းရပ်ဝန်း အ ရှိန်ကြောင့် လေပြင်းအန္တရာယ် သတိပေးထားချိန်တွင် စစ်ကိုင်း တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် မြို့နယ်အချို့၌ မေလ ၁၄ ရက် ညနေက လေပြင်းကျရောက်ခဲ့ သည်။ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့တွင် လေပြင်းကြောင့် လူနေအိမ် အဆောက်အအုံ ၈၀ ကျော် ပျက်စီးကာ လူနှစ်ဦး သေဆုံးခဲ့သည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက လေဖိအား နည်းရပ်ဝန်း သတင်းထုတ်ပြန် ထားခြင်းမရှိသေးဘဲ မြန်မာ့ကမ်း ရိုးတန်းဒေသများတွင် မိုးသက် လေပြင်းအန္တရာယ်သတိထားရန် နှင့် အနောက်တောင်မုတ်သုံလေ သည် မြန်မာနိုင်ငံတောင်ပိုင်းဒေ သများသို့ လာမည့်နှစ်ရက်အ တွင်း ဝင်ရောက်နိုင်ကြောင်း သ တင်းထုတ်ပြန်ထားသည်။
7 Day Daily
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်