မင်္ဂလာဈေးဝင်းရှိ ကေတီဗီနှင့်ဖျော်ဖြေရေး လုပ်ငန်းအချို့ ပြန်လည်ဖွင့်လှစ်ခွင့်ရရန် ဆန္ဒထုတ်ဖော်

မင်္ဂလာဈေးဝင်းရှိ ကေတီဗီနှင့် ဖျော်ဖြေရေးလုပ်ငန်း များ ပိတ်သိမ်းရန် ကျန်ရှိနေသည့် ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းအချို့က ဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိရန် မေလ ၁၄ ရက်နေ့လယ် တွင် မင်္ဂလာမွန်ဈေး မြေညီထပ်၌ ဆန္ဒထုတ်ဖော်ခဲ့သည်။
မေလ ၁၄ ရက်က ကေတီဗီဆိုင်ပိုင်ရှင်နှင့် ၀န်ထမ်းအချို့ ဆန္ဒဖော်ထုတ်နေစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
မင်္ဂလာဈေးဝင်းရှိ ကေတီဗီ နှင့် ဖျော်ဖြေရေးလုပ်ငန်းများ ပိတ်သိမ်းရန် ညွှန်ကြားချက် တစ်လပြည့်ပြီးချိန်တွင် ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းအမျိုးသား နှစ်ဆယ်ခန့် က ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
‘‘ရန်ကုန်တစ်မြို့လုံး စည် ပင်နယ်နိမိတ်ပဲ၊ ဥပဒေဆိုတာ တစ်ပြေးညီဖြစ်သင့်တာပေါ့။ ဘေးနားဝင်းချင်းကပ်လျက်ရှိတဲ့ FAVOURITE ကေတီဗီတောင်မှ မပိတ်ရသေးတာ။ ဒီလိုမျိုးဆို တော့ မျှတမှုမရှိတဲ့ အခွင့်အရေး ပဲလေ။ အကုန်လုံးပိတ်ရင် ကျွန် တော်တို့လည်းပိတ်ရမှာပေါ့။ စာ ရွက်စာတမ်းတွေနဲ့ သက်ဆိုင်ရာ ဌာန ၂၄ ခုအကုန်လုံးကိုပို့တယ်။ တစ်ဌာနမှ မဆက်သွယ်ဘူး။ ဘာ တွေဖြစ်လဲတော့ စဉ်းစားလို့မရ ဘူး’’ဟု LUCKY ကေတီဗီဆိုင်ပိုင် ရှင်  ဦးမောင်မောင်အေးက ပြော သည်။
မင်္ဂလာဈေးဝင်းရှိ ကေတီဗီ ဆိုင်နှင့် ဖျော်ဖြေရေးလုပ်ငန်းများ ကို ဧပြီ ၁၂ ရက်ညတွင် ရဲတပ် ဖွဲ့နှင့် စည်ပင်ဝန်ထမ်းများက ဆိုင်ခန်းများ ပိတ်သိမ်းရန်ဆောင် ရွက်ခဲ့သည့်အပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ ညှိနှိုင်းဆွေး နွေးရန် တင်ပြခဲ့သော်လည်းပြန် လည် အကြောင်းကြားခြင်းမရှိဟု ၎င်းကပြောသည်။
မင်္ဂလာဈေးဝင်းရှိ ကေတီဗီ နှင့် ဖျော်ဖြေရေးလုပ်ငန်း(ကလပ်)များကို ဧပြီ ၂၆ ရက် နောက်ဆုံး ထား၍ ပိတ်သိမ်းပြောင်းရွှေ့ရန် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ဈေးများဌာနက ညွှန်ကြားထားပြီးနောက် ဆိုင်ခန်း အချို့ ပိတ်သိမ်းရန် ကျန်ရှိနေ ကြောင်း အဆိုပါဈေးအတွင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
မင်္ဂလာဈေးဝင်းအတွင်းရှိ ကေတီဗီ(နိုက်ကလပ်)ဆိုင်ခန်း များ ဖယ်ရှားပြီး ပြန်လည်အပ်နှံ ရန် မေလ ၁၅ ရက်ထိ ရက်တိုး ခွင့်ပြုထားသည်။ ယင်းရက် ကျော်လွန်ပါက လုပ်ငန်းရှင်များ အား ဥပဒေ အရ အရေးယူခြင်းနှင့် ကျန်ရှိပစ္စည်းများကို သိမ်းဆည်း မည်ဟု တောင်ပိုင်းခရိုင်စည်ပင် သာယာဈေးများရုံးမှ ကျန်ရှိနေ သည့် ဆိုင်ခန်းများကို အကြောင်း ကြားစာပေးပို့ထားကြောင်း ၎င်း ကဆိုသည်။
‘‘ကျွန်တော်တို့ အခန်း ပြောင်းရွှေ့ဖို့အတွက် အကြိမ် ကြိမ်စာပို့ပါတယ်။ ဒီမှာဖွင့်လှစ် နေတဲ့ နိုက်ကလပ်ခုနစ်ခုနဲ့ ကေ တီဗီတစ်ခုမှာ အခု ဆန္ဒထုတ်ဖော် တဲ့သူတွေရဲ့ဆိုင်ပဲကျန်နေတယ်။ ကျန်တာ ဘာဆက်လုပ်ရမယ်ဆို တာတော့ အထက်လူကြီးတွေဘာ မှမပြောသေးပါဘူး’’ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာန (တောင် ပိုင်းခရိုင်) တာဝန်ရှိသူတစ်ဦးက ပြောသည်။
မင်္ဂလာဈေးတွင် ဖွင့်လှစ်နေ သည့် နိုက်ကလပ်ခုနစ်ခုနှင့် ကေ တီဗီတစ်ခုကို ဧပြီ ၁၁ ရက်အထိ ဖွင့်လှစ်ခွင့်ပြုပြီးနောက် ဧပြီ ၁၂ ရက်ကစ၍ ရဲတပ်ဖွဲ့နှင့် စည်ပင် ဝန်ထမ်းများက ဆိုင်ခန်းများ ပိတ်သိမ်းရန် အင်အားသုံးဖြေရှင်း ခဲ့သည်။
‘‘ဆန္ဒဖော်ထုတ်တဲ့သူတွေ က ရဲစခန်းကိုလာပြီး တရားဝင် အကြောင်းကြားပါတယ်။ အခု ချိန်ထိတော့ ကျွန်တော်တို့ကို အထက်က ဘာမှညွှန်ကြားထား တာတွေတော့ မရှိသေးပါဘူး။ အဲဒီအတွက် မပိတ်သေးတဲ့ဆိုင် တွေကို ဘယ်လိုလုပ်မလဲဆိုတာ မသိရသေးပါဘူး’’ဟု မင်္ဂလာ တောင်ညွန့်ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
မင်္ဂလာဈေးဝင်းတွင် တည်း ခိုခန်းနှင့်ဟိုတယ်များကို ယခင် အတိုင်း ဖွင့်လှစ်ခွင့်ပေးထားပြီး ကေတီဗီနှင့် နိုက်ကလပ်များကို သာ ဖယ်ရှားရန် ညွှန်ကြားထား ကြောင်း ဈေးများဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
အဆိုပါဝင်းတွင် စီးပွားရေး စင်တာတည်ဆောက်ရန် ၂၀၁၆ စက်တင်ဘာ ၁၅ ရက်ကစ၍ မင်္ဂလာဈေးဝင်းအတွင်း ကေတီဗီ နှင့် ဖျော်ဖြေရေး(ကလပ်)လုပ် ငန်းများ ပြောင်းရွှေ့ပေးရန် စာ ပေးပို့ထားပြီး ယခုလုပ်ငန်းများကို ဈေးများဌာနက နှစ်ရှည်လပေးစာ ချုပ်များဖြင့် ငှားရမ်းထားကြောင်း ဈေးများဌာန (တောင်ပိုင်းခရိုင်) တာဝန်ခံတစ်ဦးကပြောသည်။
ဆန္ဒထုတ်ဖော်ခဲ့သည့် ဆိုင် ပိုင်ရှင်နှင့် ဆိုင်ဝန်ထမ်းများသည် မေလ ၁၄ ရက်ညကစတင်ကာ မိမိတို့ဆိုင်ခန်းအတွင်း နေထိုင် ကာ ဖယ်ရှားပေးခြင်းမပြုဘဲ ဆန္ဒ ထုတ်ဖော်မည်ဟုဆိုသည်။
7 Day Daily

0 မှတ်ချက်များ: