သတ္တုတွင်းနှင့် ရေနံအပါအ၀င်ကဏ္ဍအချို့တွင် ကလေးသူငယ်အခွင့်အရေးချိုးဖောက်ခံရမှု တွေ့ရှိ

 မြန်မာနိုင်ငံရှိ စီးပွား ရေးလုပ်ငန်းများအနက် သတ္တု တွင်း၊ ရေနံသဘာဝဓာတ်ငွေ့၊ ITC နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့ တွင် ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံရမှုများရှိနေကြောင်း မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူ မှုရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Respon-sible Business) မှ စီမံကိန်းနှင့် ဆက်သွယ်ရေးတာဝန်ခံ မဖြူဖြူ ဇင်က ပြောသည်။
‘‘တချို့လုပ်ငန်းတွေမှာဆို မိ ဘမဲ့ကျောင်းတွေကိုသွားပြီး က လေးတွေကိုခေါ်လာတယ်။ကဏ္ဍ တော်တော်များများမှာ လိုက်နာ တာအားနည်းတာကို တွေ့ရ တယ်။ သတ္တုတွင်းလုပ်ငန်းမှာဆို အသက် (၁၈)နှစ်ပြည့်မှ လုပ်ခွင့် ရှိတယ်။ ဒါပေမဲ့ အသက် (၁၈) နှစ်အောက် အလုပ်သမားတွေ တွေ့ရတယ်’’ ဟု မဖြူဖြူဇင်က ပြောသည်။
၁၉၉၃  ကလေးသူငယ်ဥပ ဒေအရ အသက် (၁၄)နှစ်အထက် ကလေးများကို တစ်နေ့လျှင် အ လုပ်ချိန် လေးနာရီသတ်မှတ်ထား သော်လည်း အချို့လုပ်ငန်းများ တွင် လိုက်နာမှုအားနည်းနေသည် ဟု ဆိုသည်။
စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် ကလေးသူငယ်အခွင့် အရေးများနှင့် စီးပွားရေးဆိုင်ရာ စည်းမျဉ်းကို UNICEF, UNGG, Global Compact နှင့် Save The Children တို့မှ ပူးပေါင်းရေးဆွဲ ထားခြင်းဖြစ်သည်။
အဆိုပါစည်းမျဉ်းများသည် ကလေးသူငယ်အခွင့်အရေးကို လေးစားလိုက်နာခြင်း၊ကလေးသူ ငယ်အလုပ်သမား၊ သက်ငယ်အ လုပ်သမား၊ မိဘနှင့်အုပ်ထိန်း စောင့်ရှောက်သူများ၊စီးပွားရေးလုပ်ငန်းများနှင့် အဆောက်အအုံ များတွင် ကလေးသူငယ်များကိုအ ကာအကွယ်အစောင့်အရှောက် ပေးရေးနှင့် ဘေးကင်းလုံခြုံစေရေး တို့ဖြစ်သည်။ ထို့အပြင် ဘေး အန္တရာယ်ကင်းရှင်းသည့် ထုတ် ကုန်များနှင့် ၀န်ဆောင်မှုများ၊ ဈေးကွက်ထိုးဖောက်မှုနှင့် ကြော် ငြာခြင်းတို့တွင် ကလေးသူငယ်အ ခွင့်အရေးများကို လေးစားလိုက် နာခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် မြေယာ၊ လုံခြုံရေးစီမံမှုများ၊ အ ရေးပေါ်အခြေအနေများမှ သက် ရောက်မှုခံရသည့် ကလေးသူငယ် များ၊ ရပ်ရွာအသိုင်းအ၀န်းနှင့် အစိုးရ၏ အားထုတ်မှုများကို ထပ်လောင်းအားဖြည့်ထားခြင်းစ သည်တို့ ဖြစ်သည်။
မြန်မာ့စီးပွားရေးကဏ္ဍ တာ ၀န်ယူမှုရှိရေးအထောက်အကူပြု ဌာနသည် ‘မြန်မာနိုင်ငံရှိ ဌာနေ တိုင်းရင်းသားများအခွင့်အရေး နှင့် စီးပွားရေးလုပ်ငန်းများ’၊ ‘မြေ ယာ’၊ ‘ခွဲခြားဆက်ဆံခြင်းနှင့် စီး ပွားရေးလုပ်ငန်းများ’ စသည်တို့ ကိုလည်း လေ့လာဆန်းစစ်ခြင်း များ ပြုလုပ်ခဲ့သည်။
7 Day Daily

0 မှတ်ချက်များ: