မင်္ဂလာတောင်ညွန့် ပဋိပက္ခတွင် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆို ဖမ်းဝရမ်းထုတ်ခံရသူများ အနက် တင်လင်းထိုက်နှင့် တင်ဌေးအောင်တို့သည် အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့သို့ မေလ ၁၅ ရက်က လာရောက်အဖမ်းခံခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်းတွင် ဖြစ်ပွားခဲ့ သော ပဋိပက္ခ၌ ပါဝင်လှုံ့ဆော် သည့် သံဃာတော်နှစ်ပါးနှင့် လူ ပုဂ္ဂိုလ် ငါးဦးတို့ကို မေလ ၁၁ရက် တွင် ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ် ခဲ့ပြီး ယင်းနေ့၌ တင်ထွဋ်ဇော် (ခ) ကိုလတ်နှင့်၎င်း၏ဇနီး အောင်အောင်မြင့်တို့ ကို ဖမ်းဆီးခဲ့သည်။
ပုဒ်မနှစ်ခုဖြင့် ဖမ်းဆီးခံရသည့် တင်ဌေးအောင်(စတစ်ကော်လာအဖြူအင်္ကျီ)ကို မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံး၌ တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်) |
မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်းတွင် ဖြစ်ပွားခဲ့ သော ပဋိပက္ခ၌ ပါဝင်လှုံ့ဆော် သည့် သံဃာတော်နှစ်ပါးနှင့် လူ ပုဂ္ဂိုလ် ငါးဦးတို့ကို မေလ ၁၁ရက် တွင် ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ် ခဲ့ပြီး ယင်းနေ့၌ တင်ထွဋ်ဇော် (ခ) ကိုလတ်နှင့်၎င်း၏ဇနီး အောင်အောင်မြင့်တို့ ကို ဖမ်းဆီးခဲ့သည်။
၎င်းတို့နှစ်ဦးကို ဖမ်းဆီးပြီး လေးရက်အကြာတွင် တင်လင်း ထိုက်နှင့် တင်ဌေးအောင်တို့ အ ရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံသို့ လာ ရောက်အဖမ်းခံခဲ့သည်။
မျိုးသွေးဓမ္မကွန်ရက်ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတာဝန် ထမ်း ဆောင်နေသည်ဆိုသော တင် လင်းထိုက်နှင့် တင်ဌေးအောင်တို့ ကို ဖမ်းဆီးခဲ့သည့်နေ့တွင်ပင် မင်္ဂလာတောင်ညွန့်တရားရုံး၌ ရမန်ယူ ရုံးထုတ်ခဲ့သည်။ ၎င်းတို့နှစ်ဦးကို ယခင်ဖမ်းဆီးခဲ့သူနှစ်ဦးနှင့်အတူ မေလ ၂၂ ရက်တွင် ရုံးထုတ်ရန် ထပ်မံချိန်းဆိုထား သည်။
ထို့ကြောင့် ဖမ်းဝရမ်းထုတ် ထားသူ စုစုပေါင်းခုနစ်ဦးအနက် လေးဦးကို ဖမ်းဆီးထားပြီဖြစ် သော်လည်း သံဃာနှစ်ပါးဖြစ် သည့် ဆရာတော်ဦးသုစိတ္တ၊ ဦးပညာဝံသနှင့် မြတ်ဘုန်းမိုရ်တို့ကို ဖမ်းမိရန် ကျန်ရှိနေသေး သည်။
မင်္ဂလာတောင်ညွန့် ပဋိပက္ခ တွင် ပါဝင်သူများကို ယင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ဦးက တရားလိုပြု၍ ရာဇသတ်ကြီးပုဒ် မ ၅၀၅ (ဂ)၊ ပုဒ်မ ၃၄ တို့ဖြင့် အမှု ဖွင့်ခဲ့သည်။
ပုဒ်မ ၅၀၅(ဂ)သည် လူအ မျိုးအစား အချင်းချင်းဖြစ်စေ၊ လူ မျိုးစုအချင်းချင်းဖြစ်စေ တစ်ဖက် နှင့်တစ်ဖက် ပြစ်မှုကျူးလွန် အောင် လှုံ့ဆော်ရန် အကြံရှိလျှင် (သို့တည်းမဟုတ်) အဆိုပါ လှုံ့ ဆော်ခြင်းကို ဖြစ်တန်ရာသည် အ ကြောင်းရှိလျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်သည်။ ပုဒ်မ ၃၄ သည် အကြံတူတစ်ခုကို အထ မြောက်စေခြင်းငှာ တစ်ဦးထက် ပိုသောသူများကပြုခြင်း၊ တစ်ဦး ထက်ပိုသောသူများသည် မိမိတို့ ၏ အကြံတူတစ်ခုကို အထမြောက်စေရန် ရည်ရွယ်၍ ပြစ်မှုကို ပြုလုပ်ခဲ့လျှင် ထိုပြုလုပ်မှုကို တစ်ဦး တည်းသိသကဲ့သို့ ထိုသူ အသီးသီး၌ တာဝန်ရှိသည်ဟု ရာဇသတ်ကြီးတွင် ဖော်ပြထားသည်။
7 Day Daily
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်