မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ပဋိပက္ခဖြစ်ပွားစေ ရန် လုပ်ဆောင်သူများကို အရေးယူပေးရန် ရန်ကုန်တိုင်းအစိုးရထံ တောင်းဆိုခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို ခြိမ်းခြောက်မှုများရှိနေ၍ ရဲတပ်ဖွဲ့က လုံခြုံရေး ယူပေးထားကြောင်း သတင်းရရှိသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်းရှိ တိုက်ခန်းနှစ် ခန်းတွင် ခိုးဝင်ဘင်္ဂါလီများရှိနေ သည်ဟု မျိုးချစ်မြန်မာရဟန်း တော်များသမဂ္ဂအဖွဲ့ဝင်များနှင့် လူအချို့က မေလ ၉ ရက်ညက ရဲတပ်ဖွဲ့ထံ သတင်းပေး၍ အာ ဏာပိုင်များနှင့်အတူ ၀င်ရောက် စစ်ဆေးရာမှ ပဋိပက္ခဖြစ်ပွားခဲ့ သည်။ ယင်းတိုက်ခန်းနှစ်ခန်းတွင် ခိုးဝင်ဘင်္ဂါလီများရှိမနေ၍ ပဋိ ပက္ခဖြစ်ပွားစေရန် လုပ်ဆောင်ခဲ့ သူများကို အရေးယူပေးရန် မင်္ဂ လာတောင်ညွန့်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူ ဖြူသင်းက ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ကို တောင်းဆို ခဲ့သည်။
‘‘ပဋိပက္ခဖြစ်ပြီးတဲ့နောက် နေ့ကစပြီး ဒီနေ့ (မေလ ၁၅ ရက်) အထိလည်း အမျိုးသားရေးဆရာ တော်နာမည်နဲ့ ချောင်ကြိုချောင် ကြားကနေ ကြည်လင်းတွေ ထွက်လာလို့ရှိရင်တော့ နောင်တ မရနဲ့ မမဲမဲဆိုပြီးတော့ ခြိမ်း ခြောက်ထားတယ်။ မဖြူဖြူသင်း ဓာတ်ပုံကို သုံးထားတယ်။ မမဲမဲ ဆိုတာ မဖြူဖြူသင်းကို ရွဲ့ခေါ်တာ ပေါ့’’ ဟု မင်္ဂလာတောင်ညွန့်မြို့ နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဝင် ဦးရာဇာက ပြော သည်။ 7 Day Daily သတင်းစာက ဒေါ်ဖြူဖြူသင်း၏ ဖုန်းကို ဆက်သွယ်မေးမြန်းခြင်းဖြစ်ပြီး ဒေါ်ဖြူဖြူသင်းသည် ရုံးလုပ်ငန်းလုပ်ဆောင်နေ၍ မအားလပ်သောကြောင့် ကိုယ်စားဖြေဆိုပေးခြင်းဖြစ်ကြောင်း ဦးရာဇာက ပြောသည်။
ပဋိပက္ခဖြစ်စဉ်သည် မေလ ၉ ရက်က ဖြစ်ပွားခဲ့ပြီး ဒေါ်ဖြူ ဖြူသင်းက မေလ ၁၀ ရက်တွင် အစိုးရကို တောင်းဆိုခြင်းဖြစ်ကာ ယင်းကာလနောက်ပိုင်း ဖုန်းမက် ဆေ့ခ်ျဖြင့်လည်းကောင်း၊ ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်တွင်လည်း ကောင်း ခြိမ်းခြောက်ခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ သ တင်းရရှိသည်။
ဦးရာဇာက ‘‘အိမ်မှာတော့ တောင်ဥက္ကလာစခန်းက လုံခြုံ ရေးယူပေးတယ်။ မင်္ဂလာတောင် ညွန့်မှာဆို ရုံးတက်၊ ရုံးဆင်းချိန် ပေါ့။ ဒေါ်ဖြူဖြူသင်းလာမယ့်အ ချိန် ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးပါ တယ်။ တောင်ဥက္ကလာမှာတော့ ညဘက်ဆို အိမ်ရှေ့မှာ စောင့်ပေး ပါတယ်’’ ဟု ပြောသည်။
မင်္ဂလာ တောင်ညွန့်နှင့် တောင်ဥက္ကလာပမြို့နယ်ရဲတပ် ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ ဒေါ် ဖြူဖြူသင်း၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးနေ၍ အသေးစိတ် မဖြေကြားလို ကြောင်း အကြောင်းပြန်သည်။
မြယာကုန်းလမ်းတွင် ဖြစ် ပွားခဲ့သော ပဋိပက္ခတွင် ပါဝင် လှုံ့ဆော်သည့် သံဃာတော်နှစ် ပါးနှင့် လူပုဂ္ဂိုလ်ငါးဦးကို ရဲတပ်ဖွဲ့ က ဖမ်းဝရမ်းထုတ်ခဲ့၍ တင်ထွဋ် ဇော်(ခ)ကိုလတ်နှင့် ၎င်း၏ဇနီး အောင်အောင်မြင့်တို့အား ဖမ်း ဆီးခဲ့သည်။
၎င်းတို့အဖမ်းခံရပြီး လေးရက်အကြာတွင် တင်လင်းထိုက်နှင့် တင်ဌေးအောင်တို့က အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ရုံးသို့ လာရောက်အဖမ်းခံခဲ့သည်။
7 Day Daily
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်