၂၀၁၂-၂၀၁၃ ဘိန်းစိုက်ရာသီအတွင်း ဘိန်းခင်း ၇၂၃၇၆.၇၅ ဧက (၂၉၂၉၀.၄၇)ဟက်တာ ဖျက်ဆီးနိုင်ခဲ့

၂၀၁၂-၂၀၁၃ ခုနှစ်၊ ဘိန်းစိုက်ရာသီအတွင်း ဘိန်းခင်းများရှာဖွေဖျက်ဆီးလျက်ရှိရာ ၁-၉-၂၀၁၂ ရက်နေ့မှ ၁၄-၁-၂၀၁၃ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဘိန်းခင်း ၇၁၅၀၉.၈၀ ဧက (၂၈၉၃၉.၆၂)ဟက်တာ ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

ဆက်လက်၍ ၁၅-၁-၂၀၁၃ ရက်နေ့မှ ၂၁-၁-၂၀၁၃ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဘိန်းခင်းဖျက်ဆီးမှုများမှာ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်းရှိ ဘိန်းခင်း (၄၆၆)ဧက၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ဘိန်းခင်း (၁၄၂.၅၀)ဧက၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ဘိန်းခင်း (၅၈)ဧက၊ ဟိုပုံးမြို့နယ်အတွင်းရှိ ဘိန်းခင်း (၂၅)ဧက၊ လားရှိုးမြို့နယ်အတွင်းရှိ ဘိန်းခင်း (၂၉.၅၀)ဧက၊ တန့်ယန်းမြို့နယ်အတွင်းရှိ ဘိန်းခင်း (၁၂၂.၅၀)ဧက၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိဘိန်းခင်း (၁၁.၁၅)ဧကနှင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ ဘိန်းခင်း (၁၂.၃၀)ဧက ပေါင်း (၈၆၆.၉၅)ဧက ထပ်မံ ဖျက်ဆီးနိုင်ခဲ့ရာ ၁-၉-၂၀၁၂ မှ ၂၁-၁-၂၀၁၃ ရက်နေ့အထိ စုစုပေါင်း ဘိန်းခင်း ၇၂၃၇၆.၇၅ ဧက (၂၉၂၉၀.၄၇)ဟက်တာ ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


ကျော်ဝင်းသူ

0 မှတ်ချက်များ: