နေပြည်တော်မှာ ဟောပြောခွင့်မရတဲ့ စာရေးဆရာနှစ်ဦး


နေပြည်တော်၊ လယ်ဝေးမြို့ နယ်ရှိ သာဝတ္ထိမြို့ နယ်နှင့် အေလာမြို့ နယ်တို့ တွင် ယခုလ ၁၆ရက်နေ့ နှင့် ၁၇ရက်တွင် ကျင်းပရန် ခွင့်ပြုချက်တင်ထားသည့် စာပေဟောပြောပွဲများမှ ဟောပြောမည့် စာရေးဆရာ  ဆရာဦးဘုန်း(ဓာတု)နှင့် ဆရာညီမင်းညိုတို့ နှစ်ဦးကို ပြောင်းလဲ အမည်စာရင်းတင်ပေးရန် ယနေ့  ဇန်န၀ါရီလ ၁ရက်နေ့ မှာ မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးက စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီကို ခေါ်ယူ သတိပေးခဲ့ကြောင်း သတင်းရရှိသည်။

စာရေးဆရာ ဆရာဦးဘုန်း(ဓာတု)နှင့် ဆရာညီမင်းညိုတို့  နှစ်ဦးမှာ နေပြည်တော်ကောင်စီနယ်မြေတွင် ဟောပြောခွင့်ပြုသည့် စာရေးဆရာစာရင်းတွင် မပါရှိသောကြောင့် ၄င်းစာရေးဆရာနှစ်ဦးအစား ပြောင်းလဲ အမည်စာရင်းတင်ပေးရန် မြို့ နယ်အုပ်ချုပ်ရေးမှူးမှ စာပေဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီများအား ခေါ်ယူ သတိပေးပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဟောပြောပွဲများ ကျင်းပနိုင်ရေးအတွက် ယခု လဆန်းပိုင်းတွင် စာတင်ထားခြင်းဖြစ်ပြီး ယမန်နှစ်ကလည်း နေပြည်တော်ကောင်စီမှ ခွင့်မပြုဟုဆိုကာ အဆိုပါ စာပေဟောပြောပွဲကော်မတီးများ၏ စာပေဟောပြောပွဲများကို မြို့ နယ်အုပ်ချုပ်ရေးမှူးမှ ပိတ်ပင်ခဲ့ကြောင်း သိရသည်။
၂၀၀၈ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များမှ ပုဒ်မ ၃၅၃တွင် မည်သူ့ ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရ ဟု ပြဌာန်းထားပြီး ပုဒ်မ ၃၅၄(က) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့ မဟုတ် ပြည်သူတို့ ၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့် ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့် ဝေခွင့်ရှိသည်ဟုလည်း ပြဌာန်းထားသည်။

ကေ



0 မှတ်ချက်များ: