စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မတ်လ ၅ရက်နေ့ မနက် ၆နီာ မိနစ်၃၀ အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမူးယစ်(အထူး) အဖွဲ့နှင့် မြိတ်မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများ နှင့်အတူ မြိတ်မြို့၊ ဘုရားကန်ရပ်ကွက်၊ မကန်တောင်လမ်းနေ ထင်အောင်(၂၈)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ ထင်အောင် ၀တ်ဆင်ထားသည့် ရှပ်အင်္ကျီလက်တိုဝဲဘက်အိတ်ကပ်အတွင်းမှ ပလပ်စတစ် အိတ်ငယ်ဖြင့်ထည့်ထားသည်...့ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ပြား၊ ဂျင်းဘောင်းဘီ ယာဘက်ရှေ့အိတ်ကပ်အတွင်းမှ နားကြပ်အိတ်အတွင်း အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်ထားသော WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၇ ပြား၊ အစိမ်းရောင်ဆေးပြား ၂ ပြားပါ ၁ ထုပ်နှင့် အပြာရောင်ကပ်ခွာ အိတ်ဖြင့်ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၁၇၅ ပြား၊ အစိမ်းရောင်ဆေးပြား ၂ ပြားပါ ၁ ထုပ်၊ စုစုပေါင်း (၃၈၇) ပြား၊ အလေးချိန် (၃၈.၇)ဂရမ်၊ တန်ဘိုး ငွေကျပ်(၁၉၃၅၀၀၀ိ/-)နှင့် ဂျင်းဘောင်းဘီယာဘက်နောက်အိတ်ကပ် အတွင်းမှ ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသော အလေးချိန်(၅၀)ဂရမ်ပါ ဘိန်းစာမှုန့် ၁ ထုပ်၊ တန်ဘိုး ငွေကျပ်(၅၀၀၀ိ/-)၊ ၀၉ xxxxxxxx နံပါတ်ပါ လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
 

စစ်ဆေးချက်အရ အဆိုပါ ဆေးပြားများအား မြိတ်မြို့၊ ကလွင်ရပ်ကွက်နေ ခင်ညွန့်အောင်(ခ)ခင်ညွန့်(၂၆)နှစ်ထံမှ တစ်ဆင့်ဝယ်ယူရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ထင်အောင်အား ခင်ညွန့်အောင်ထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ချိန်းဆိုစေခဲ့သည်။ ၁၀၀၀ အချိန် ချိန်းဆိုသည့်နေရာသို့ ခင်ညွန့်အောင်ရောက်ရှိလာပြီး ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြားနှင့် ၀၉ xxxxxxx နံပါတ်ပါ လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ခင်ညွန့်အောင်၏ နေအိမ်သို့ ဆက်လက်ရှာဖွေခဲ့ရာ နေအိမ်နောက်ဖေးအဖီအတွင်း ခေါင်မိုးရှိSpite တံဆိပ်ပါ အနီရောင်လက်ကိုင်အိတ်အတွင်းမှ အနီရောင်စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၅၀၇၃ ပြား ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား (၆၀၇၃) ပြား၊ တန်ဘိုးငွေကျပ် (၃၀၃၆၅၀၀၀ိ/-)သိမ်းဆည်းရမိခဲ့သည်။ 

 ခင်ညွန့်အောင်အား စစ်ဆေးဖော်ထုတ်ချက်အရ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၊ မီးကျောင်းလောင်းကျေးရွာနေ ရွှေသန်း(၃၈)နှစ်ထံမှ တစ်ဆင့်ဝယ်ယူရောင်းချ ခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် ရွှေသန်း ခေတ္တနေထိုင်သော မြိတ်မြို့၊ မြိတ်တောင်နယ်မြေရှိ မသီတာလွင်(ခ)သီတာအေး၏နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့ရာ ရွှေသန်းအား ဖမ်းဆီးရမိခဲ့ပြီး မသီတာလွင်မှ ရွှေသန်းဝှက်ထားသည့် ရေချိုးခန်းအတွင်းရှိ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၇၉၁၄)ပြား၊ တန်ဘိုးငွေကျပ်(၃၉၅၇၀၀၀၀ိ/-)ပါအထုပ်အား နေအိမ်အပြင်ဘက်သို့ လွှင့်ပစ်လိုက်သဖြင့် နေအိမ်ဝဲဘက်ဘေး(၃)ပေခန့်အကွာ မြေကြီးပေါ်မှလည်းကောင်း၊ နေအိမ်အတွင်းရှိ ဘီရိုတတိယအဆင့်မှ Walker တံဆိပ်ပါ အ၀ါရောင်အိတ်အတွင်းရှိ ငွေကျပ်သိန်း(၈၀)အားလည်းကောင်း ထပ်မံသိမ်းဆည်း ရမိခဲ့သောကြောင့် ထင်အောင်၊ ခင်ညွန့်အောင်(ခ) ခင်ညွန့်၊ ရွှေသန်း၊ မသီတာလွင်(ခ)သီတာအေးတို့ ၄ ဦးအား အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် အဆိုပါနေ့ ၁၃၀၀ အချိန် လားရှိုးမူးယစ်(အထူး)အဖွဲ့မှတပ်ဖွဲ့ဝင်များ၊ လားရှိုး အမှတ်(၂)ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်သက်သေများသည် မူးယစ်ဆေးဝါးသတင်းအရ လားရှိုးမြို့အထွက် ဟိုပိတ်အေးရှားဝေါလ်တိုးဂိတ်အနီးတွင် ရှောင်တခင်စစ်ဆေးမှုများပြုလုပ်နေစဉ် မူဆယ်မှမန္တလေးသို့ ဖုန်းမောင်မောင်ဦး မောင်းနှင်လာသည့် ၁ခ/xxxx ဆလွန်းယာဉ်အား ရပ်တန့်ရှာဖွေခဲ့သည်။ ထိုသို့ ရှာဖွေခဲ့ရာ ယာဉ်နောက်ခန်းတွင်လိုက်ပါလာသည့် ခရီးသည် ကျောက်ဆည်မြို့၊ စုကြီးထန်းတောရပ်နေ မစိုးစိုးသန်း(၄၂)နှစ် သယ်ဆောင်လာသည့် အ၀တ်ဘီရိုဂျပ်ဖာအတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြားစီပါ ၂၅ ထုပ်နှင့် အခြားဂျပ်ဖာအတွင်းမှ ၂၀၀၀ ပြားစီပါ ၁၉ ထုပ်၊ စုစုပေါင်း (၄၄) ထုပ်၊ ဆေးပြား (၈၈၀၀၀) ပြား၊ အလေးချိန် (၇.၉၂) ကီလို၊ တန်ဘိုးငွေကျပ် (၁၇၆၀)သိန်းအား သိမ်းဆည်းရမိခဲ့သဖြင့် မစိုးစိုးသန်းအား လားရှိုးအမှတ်(၂)ရဲစခန်း မယ(ပ) ၂၉/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


မိုးစက်

0 မှတ်ချက်များ: